” လမ်းမီးတွေထိန်ထိန်လင်း မြို.မန္တလေးရဲ.ညခင်း “

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးမြို.တော်ကို လမ်းမီးတွေ ဘယ်လိုတပ်ဆင် ထွန်းညှိခဲ့တယ်ဆိုတာကို
မြို.တော်ဝန်ကြီး ဒေါက်တာရဲလွင်က သူ.ရဲ.ဖေ့စ်ဘွတ် မှာအခုလိုဖေါ်ပြခဲ့ပါတယ်။

မြို့တော်လုံခြုံရေးအတွက် လမ်းမီးတိုင် စံချိန်တင်စိုက်ထူတဲ့နှစ်။
———————————————-

၂၀၁၉-၂၀ ဘတ်ဂျက်ကာလမှာ လမ်းမီးတိုင် အသစ် ၁၀၅၅၉ တိုင်ကို စွမ်းအားအပြည့်နဲ့ နေ့ရောညပါ စိုက်ထူနေပါတယ်။ အရှေ့အနောက်၊ တောင်မြောက် မိန်းလမ်းမတန်းတွေမှာအဓိကထား ထွန်းပေးနေတာပါ။

ဒီနှစ်ထဲ လမ်းသွယ်တွေအတွက် အလှူရှင်တွေလှူထားတဲ့ လမ်းမီးတိုင် ၇၅၄တိုင်ကိုလည်း တပ်ဆင်ပြီးပါပြီ။
လမ်းမီးအလှူကို ၂၀၁၈ နိုဝင်ဘာလမှာ ဇနီးဖြစ်သူရဲ့ ဆန္ဒအရ double arm မီးတိုင်၂၄တိုင်အတွက် ငွေကျပ်သိန်း၂၄၀လှူဖြစ်ရာကစလိုက်တာပါ။
ဒီနေ့အထိ အလှူရှင်များလှူခဲ့တာ single arm ၁၆၈၉ တိုင်၊ Double arm ၁၀၀၆ တိုင်ရှိသွားပါပြီ။ ဆက်လက်လှူဒါန်းနေကြဆဲပါ။

၂၀၁၆ခုနှစ်အထိ လမ်းမီးထွန်းတာကို ရှိနေတဲ့ဓာတ်တိုင်တွေမှာ မီးလုံးအသစ်တပ်တဲ့အဆင့်လောက်ပဲဆိုတော့ အလင်းအားလုံလုံလောက်လောက်မရခဲ့ပါဘူး။
နောက်ပိုင်းစိုက်ထူတဲ့ လမ်းမီးတိုင်တွေကို Streetlight techonology အရ တိုင်အမြင့်၊ arm length and angulation၊ LED မီးသီးရဲ့အရည်အသွေးနဲ့ဝပ်အားနဲ့ လမ်းအကျယ်ပေါ်မူတည်ပြီး တိုင်တစ်တိုင်နဲ့တစ်တိုင်အကွာအဝေးကို တွက်ချက်ပြီးမှ စိုက်တာဖြစ်လို့ အလင်းအားကောင်းပြီး ညီညီညာညာရှိတာပါ။

Smart street light control system LoRa network ကိုလည်းတည်ဆောက်သွားမှာဖြစ်လို့ တိုင်အားလုံးရဲ့ အဖွင့်အပိတ်အပြင် အပူချိန်၊ စိုထိုင်းဆ၊ LED streetlight output current နဲ့ Distribution Panel ရဲ့ power ကိုပါ ကြည့်ရှုစစ်ဆေးနိုင်တော့မှာပါ။

Streetlight dimming system ကိုပါထည့်ထားလို့ လမ်းသွားလမ်းလာ အသုံးပြုသူနည်းချိန်တွေမှာ အလင်းအားလျှော့ပေးခြင်းဖြင့် မီတာစားလည်းသက်သာလာမှာပါ။

မြို့တော်အတွက် အမြဲကြိုးစားနေတဲ့ စည်ပင်ပါ။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •