လယ်ယာသုံးစက်ကိရိယာများ ဈေးနှုန်းအသက်သာဆုံးနှင့် ကာလရှည် အရစ်ကျ ရောင်းချပေးမည်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် လယ်ယာသုံးစက်ကိရိယာများ ဖြန့်ဖြူးရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဒီဇင်ဘာ ၂ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဗဟိုသမဝါယမအသင်းမှ တာဝန်ရှိသူများ၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်သမဝါယမ ဦးစီးဌာနများမှ ဌာနမှူးများ၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ပြည်နယ်သမဝါယမ အသင်းစုချုပ်များ၊ မြို့နယ်သမဝါယမအသင်းစုများမှ တာဝန်ရှိသူများ စုံညီစွာတက်ရောက်သည်။
ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာ၌ သမဝါယမအသင်းသားတောင်သူများ လိုအပ်လျက်ရှိသော လယ်ယာသုံး စက်ကိရိယာများကို ဈေးနှုန်းအသက်သာဆုံးနှင့် ကာလရှည် အရစ်ကျ ရောင်းချပေးမည်ဖြစ်ကြောင်း၊ ဝယ်ယူရာတွင် အသင်းသားများ၏ လက်ဝယ် အရောက် Running Condition နှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အခက်အခဲများအပေါ် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကိုဗစ် – ၁၉ ကာလအတွင်း ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ New Normal Life ပုံစံနှင့် လုပ်ငန်းများကို လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
MOI