လယ်သမားများအတွက် ယခုနှစ် မိုးစပါးချေးငွေ (၁)ဧက နှစ်သိန်းကျပ်နှုန်းရရှိမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

လယ်သမားများအတွက် ယခုနှစ် မိုးစပါးချေးငွေ (၁)ဧက နှစ်သိန်းကျပ်နှုန်းရရှိမည်

လယ်သမားများအတွက် ယခုနှစ် မိုးစပါးချေးငွေကို ၁ဧက ၂သိန်းကျပ်နှုန်းဖြင့်ထုတ်ချေးပေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှသိရသည်။

ယခင်က ချေးငွေကို ၁ဧကလျှင် ကျပ်၁၅၀၀၀၀နှုန်းသာ ထုတ်ချေးပေးခဲ့သော်လည်း ယခု ကိုဗစ်ကြောင့် ယခင်ကထက် ၁ဧက ကျပ်၅၀၀၀၀ ပိုချေးခြင်းဖြစ်သည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ပြောဆိုထားသည်။

ထပ်တိုးချေးငွေကို Special Covid-19 Relief Loan ချေးငွေအစီအစဉ်မှ ဆောင်ရွက်မည်ဖြစ်ပြီး ယင်းအတွက် ငွေကျပ်ဘီလီယံ၆၀၀ အသုံးပြုမည်ဟု သိရကာ ထပ်ဆောင်းချေးငွေများအား ယခင်ချေးငွေများ အကျေဆပ်ပြီးသူများကိုသာ ချေးပေးမည်ဟု သိရသည်။

နောင်နောင် MH


Spread the love
  •  
  •  
  •  
  •  
  •  
  •