လာမည့်အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ဥရောပ၌ ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူပိုများလာဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ခန့်မှန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လာမည့်အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ဥရောပ၌ ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူပိုများလာဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ခန့်မှန်း

လာမည့် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ဥရောပ၌ ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက စက်တင်ဘာ ၁၄ ရက်တွင် သတိပေးလိုက်သည်။

ဥရောပနိုင်ငံအများစုတွင် ပြီးခဲ့သည့်နွေရာသီက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမြင့်တက်ခဲ့သော်လည်း ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ တည်ငြိမ်ခဲ့သည်။
သို့ရာတွင် လာမည့်အောက်တိုဘာလတို့တွင် ရောဂါကူးစက်မှုကြောင့် နေ့စဉ်သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဥရောပ ဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်စ်ကလူဂီက ခန့်မှန်းခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဥရောပအဖွဲ့ဝင် ၅၅ နိုင်ငံ တို့သည် စက်တင်ဘာ ၁၄ ရက်တွင် အွန်လိုင်းအစည်းအဝေးကျင်းပလျက်ရှိပြီး စက်တင်ဘာ ၁၅ ရက်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်ရေးဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

Ref;Daily Mail
MOI


Spread the love
  •  
  •  
  •  
  •  
  •  
  •