လာမယ့်စနေနေ့ လှိုင်သာယာမှာ တစ်မြို့နယ်လုံး COVID-19စစ်ဆေးမှုပြုလုပ်မယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အခုလာမယ့်စနေနေ. ၁၆-၅-၂၀၂၀ နေ.မှာ ရန်ုကုန်တိုင်း
ဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းတစ်အိမ်တက်ဆင်း COVID-19ရောဂါပိုး စစ်ဆေးသွားမယ်လို့ရန်ကုန်တိုင်း ဒေသကြီး အစိုးရ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက Yangon Nation ကိုပြောပါတယ်။

လှိုင်သာယာမြို့နယ်မှာ ပထမဆုံးအနေနဲ့ ချန်းရီဖိနပ်စက်ရုံ၊
အမှတ် ၁၀ ရပ်ကွက်နဲ့ အမှတ် ၆ရပ်ကွက် ကျန်စစ်သားအိမ်ရာ
တို့မှာ စတင်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ရန်ကုန်တိုင်းဒေသကြီး
အင်းစိန်မြို.နယ်မှာ တစ်အိမ်တက်ဆင်းCOVID-19ရောဂါပိုး စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ အခု လှိုင်သာယာ တစ်မြို့နယ်လုံး
စစ်ဆေးပြီးသွားရင် တာမွေမြို့နယ်ကို COVID-19ရောဂါပိုး စစ်ဆေးမှု ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

#YangonNation


Spread the love
  •  
  •  
  •  
  •  
  •  
  •