လိုအပ်ချက်တွေနဲ့အညီ၊ လူနေမှုစနစ် တစ်ခုလုံး ပြောင်းလဲတာအထိမဟုတ်ဘဲ နေပုံထိုင်ပုံအပြောင်းအလဲအချို့တော့ လိုပါလိမ့်မယ် ( ဒေါ်အောင်ဆန်းစုကြည်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Covid တားဆီးရေး၊ ကုသရေးဆေးတွေ မထုတ်လုပ်နိုင်တဲ့ကာလအတွင်း လိုအပ်ချက်တွေနဲ့အညီ၊ လူနေမှုစနစ် တစ်ခုလုံး ပြောင်းလဲတာအထိမဟုတ်ဘဲ နေပုံထိုင်ပုံအပြောင်းအလဲအချို့တော့ လိုပါလိမ့်မယ် ( ဒေါ်အောင်ဆန်းစုကြည်)

‘New Normal’ ဆိုတဲ့အသုံးအနှုန်းက စဉ်းစားစရာပါ။ ‘နေထိုင်မှုပုံစံအသစ်’လို့အဓိပ္ပါယ် ဖေါ်ရမလား။ Covid ကြောင့် ကမ္ဘာကြီးက ပြန်မပြောင်းနိုင်တော့တဲ့အနေအထား ရောက်သွားလို့ ပုံစံအသစ်နဲ့ အားလုံးနေသွားကြရမဲ့သဘောလား။ ဒီအချိန်မှာတော့ ဆုံးဖြတ်ဖို့ စောသေးပါတယ်။
ကျွန်မတို့ကမ္ဘာလူသားတွေဟာ သမိုင်းတစ်လျှောက် ကပ်ရောဂါကြီးများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ (၁၄) ရာစုနှစ်အတွင်း ရိုက်ခတ်သွားတဲ့ ပလိပ်ရောဂါကပ်ကြီးကြောင့် လူတွေသန်းရာနဲ့ချီတဲ့အထိ သေဆုံးခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။ အကျိုးဆက်အနေနဲ့ လူ့အသိုင်းအဝိုင်းအချို့မှာ လူမှုရေး၊ စီးပွါးရေးပုံစံတွေပြောင်းလဲသွားခဲ့ပေမဲ့ လူသားတွေနေထိုင်မှုပုံစံတွေ ပြောင်းသွားတယ်လို့တော့ မဆိုနိုင်ပါဘူး။
သတ္တန္တရကပ်ကြီးတွေဖြစ်တဲ့ ပထမ၊ ဒုတိယ ကမ္ဘာစစ်ကြီးများရဲ့အကျိုးဆက်လို့ဆိုရမဲ့ နိုင်ငံတကာဆက်ဆံရေးပုံစံသစ်အချို့ဟာဆိုရင် ယခုအဟောင်းတွေလိုတောင် ဖြစ်နေပါပြီ။
စက်မှုတော်လှန်ရေး၊ ဆက်သွယ်ရေးနည်းပညာတော်လှန်ရေးတွေ ကြောင့်လည်း ကျွန်မတို့တွေရဲ့နိစ္စဓူဝဘဝတွေ ပြောင်းလဲရပါတယ်။ အခုလိုကျွန်မ Facebook ကတစ်ဆင့် ဆက်သွယ်နေနိုင်တာကလည်းဒီအပြောင်း အလဲကြောင့်ပဲလေ။
လူသားတွေဟာ အခြေအနေလိုအပ်ချက်နဲ့ညီအောင်နေနိုင်စွမ်းကို မှီပြီး ရှင်သန်ကြရပါတယ်။ Covid တားဆီးရေး၊ ကုသရေးဆေးတွေ မထုတ်လုပ်နိုင်တဲ့ကာလအတွင်း လိုအပ်ချက်တွေနဲ့အညီ၊ လူနေမှုစနစ် တစ်ခုလုံး ပြောင်းလဲတာအထိမဟုတ်ဘဲ နေပုံထိုင်ပုံအပြောင်းအလဲအချို့တော့ လိုပါလိမ့်မယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •