လုပ်ကြံခံရသဖြင့်အသက်ဆုံးရှုံးခဲ့ရသူ ကျောက်မဲမြို့နယ်ရွေးကောက်ခံအမတ်ဦးထိုက်ဇော်အား IQY St Clements Education မှ လူသားချင်းစာနာမှုဆိုင်ရာဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လုပ်ကြံခံရသဖြင့်အသက်ဆုံးရှုံးခဲ့ရသူအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကျောက်မဲမြို့နယ်ရွေးကောက်ခံအမတ်ဦးထိုက်ဇော်အား IQY St Clements Education မှ St Clements University ၏လူသားချင်းစာနာမှုဆိုင်ရာဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctor of Humanities) ချီးမြှင့်

 

IQY St Clements Education မှSt Clements University ၏လူသားချင်းစာနာမှုဆိုင်ရာဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctor of Humanities) ကို 2020 November 21 နေ့ရက်တွင်လုပ်ကြံခံရသဖြင့်အသက်ဆုံးရှုံးခဲ့ရသူအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ကျောက်မဲမြို့နယ်ရွေးကောက်ခံအမတ်ဦးထိုက်ဇော်အားရှမ်းပြည်နယ်ငြိမ်းချမ်းရေး၊ဖွံ့ဖြိုးတိုးတက်ရေး ကိုရည်သန်၍ချီးမြှင့်ဂုဏ်ပြုအပ်ခဲ့ပါတယ်။
အဆိုပါ ဘွဲ့ကို၂၀၁၇မှစတင်၍နှစ်နှစ်တစ်ခါမြန်မာနိုင်ငံမှဘာသာရေး၊နိုင်ငံရေး၊လူမျိုးရေး၊သြဇာ၊အာဏာ၊ပုဂ္ဂိုလ်ရေး တို့ကိုအခြေမခံဘဲလူအများအကျိုးအတွက်လုပ်ရန်ခက်ခဲသောလုပ်ရပ်ကိုအဆုံးစွန်စွန့်လွှတ်အနစ်နာခံဆောင်ရွက်ခဲ့သူများအတွက်ဂုဏ်ပြုချီးမြှင့်ခဲ့တာပါ။

Covid 19အခြေအနေကောင်းလာချိန်တွင်ပြုလုပ်မည့် St Clements University နှင့် IQY Technical College/IQY Degree College ၏ပူးပေါင်းဘွဲ့ပေးပွဲတွင်ကျန်ရစ်သူမိသားစုကိုဦးထိုက်ဇော် အတွက် ဘွဲ့လက်ခံရယူရန်ဖိတ်ကြားမည်ဖြစ်သလို Honorary Doctor of Humanities ဘွဲ့၏ Electronic Soft Copy ကိုဦးထိုက်ဇော်၏မိသားစုကိုဆက်သွယ်ရန်ကူညီပေးသူတောင်ဥက္ကလာပမြို့နယ် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အမတ် (2015-2020) ဒေါက်တာစောနိုင်မှတဆင့်ပေးပို့မယ်လို့သိရပါတယ်။

St Clements University ၏လူသားချင်းစာနာမှုဆိုင်ရာဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctor of Humanities)ရရှိခဲ့သူများမှာ
• ဗိုလ်ကြီးဟောင်းနေမျိုးဇင် (2017)
• ဦးကျော်သူ (နာရေးကူညီမှုအသင်း)(2019)
• ဦးထိုက်ဇော်(အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကျောက်မဲမြို့နယ်) (2021)
တို့ဖြစ်ပါတယိ။

crd – ဒေါ်နန်းရီရီထွန်း


Spread the love
  •  
  •  
  •  
  •  
  •  
  •