“လုံခြုံရေးဥပဒေကို ဆန့်ကျင်ချိုးဖောက်တဲ့ ပါရီဆန္ဒပြပွဲအသစ်မှာ လူဒါဇင်ပေါင်းများစွာ ဖမ်းဆီးခြင်းခံရ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“လုံခြုံရေးဥပဒေကို ဆန့်ကျင်ချိုးဖောက်တဲ့
ပါရီဆန္ဒပြပွဲအသစ်မှာ လူဒါဇင်ပေါင်းများစွာ
ဖမ်းဆီးခြင်းခံရ”

December 14, 2020

စနေနေ့က အဆိုပြုထားတဲ့ လုံခြုံရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ နောက်ထပ်တင်းမာမှုတွေပေါ်ထွက် လာပြီး
ပြင်သစ်ပြည်ရဲ့မြို့တော်မှာ ဒေါသတကြီး
စီတန်းလှည့်လည်ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာခဲ့တာကြောင့် ပါရီမြို့ရဲတပ်ဖွဲ့က
လူဒါဇင်ပေါင်းများစွာကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဟာ အကြမ်းဖက်အုပ်စုများ အဖြစ်အတူတကွပေါင်းစည်းသွားကြနိုင်တယ်
လို့ သူတို့ရဲ့စိတ်ထဲမှာသံသယရှိနေတဲ့ ဆန္ဒပြသူ
တွေကို အဓိကပစ်မှတ်ထားပြီး ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။အရင်ဖြစ်ပေါ်ခဲ့တဲ့ စီတန်းလှည့်လည်ဆန္ဒပြပွဲ
တွေမှာ အကြမ်းဖက်သမားအုပ်စုတွေအဖြစ်
ပေါင်းစည်းသွားကြပြီး စတိုးဆိုင်များ၊မော်တော်ကားများကိုလုယက်ဖျက်ဆီးခဲ့ကြပါတယ်။
ပါရီရဲတပ်ဖွဲ့ဟာ ဆန္ဒပြသူ အနည်းဆုံး၈၁ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့
တယ်လို့ပြည်ထဲရေးဝန်ကြီးကအင်တာနက်ပေါ်
ကတွစ်တာမှာစာရေးသားထားပါတယ်။
ပါရီမြို့ကမိုးရေတွေနဲ့ချောနေတဲ့ လမ်းတွေတလျှောက် စနေနေ့က ဆန္ဒပြသူတွေ ချီတက်လာကြတာကို ရီယော့ ရဲတပ်ဖွဲ့က စောင့်ကြပ်လိုက်ပါလာခဲ့ကြပါတယ်။
အဆိုပြုထားတဲ့လုံခြုံရေးဥပဒေဟာ
စနေ၊တနင်္ဂနွေဆန္ဒပြပွဲတွေကို ဆက်တိုက်ဆိုသလို ကြုံတွေ့နေရပါတယ်။
ဒီဥပဒေနဲ့ပတ်သက်ပြီးဆန့်ကျင်မှု အများဆုံးဖြစ်ရတာက လူတွေက ရဲအရာရှိတွေကိုရုပ်ရှင်ရိုက်တာ ပိုမိုခက်ခဲအောင်လုပ်ဆောင်ထားတာ
ဖြစ်ပါတယ်။ဒီဥပဒေက ရဲအရာရှိတွေကို
အန္တရယ်ဖြစ်စေအောင်သူတို့ရဲ့ရဲ့ရုပ်ပုံတွေဖြန့်
ချီတာဟာတရားမဝင်ဘူးဆိုပြီးပြောဖို့ရည်ရွယ်
တာဖြစ်ပါတယ်။ဒီပြဌန်းချက်ဟာအုတ်အော်
သောင်းတင်းဖြစ်သွားခဲ့တဲ့အတွက်ကြောင့် ပြန်ပြင်ပြီးရေးသားဖို့ကို အစိုးရက ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။
ဝေဖန်ရေးသမားတွေက ဒီဥပဒေဟာ
သတင်းလွတ်လပ်ခွင့်ကိုတဖြည်းဖြည်းလျော့ပါးထိခိုက်လာစေပြီး၊ရဲတပ်ဖွဲ့ရဲ့ ရုန့်ရင်းကြမ်းတမ်းမှုတွေကို အများသိမြင်အောင်ဖော်ထုတ်ပြသနိုင်ဖို့အတွက် ပိုမိုခက်ခဲသွားစေလိမ့်မယ်လို့ပြောကြပါတယ်။

Ref:(AP)


Spread the love
  •  
  •  
  •  
  •  
  •  
  •