လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အချို့ ကြက်ခြေနီ အမှတ်အသားပါ အေပရွန်ဝတ်ဆင်မှုကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းကကန့်ကွက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အချို့ ကြက်ခြေနီ အမှတ်အသားပါ အေပရွန်ဝတ်ဆင်မှုကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းကကန့်ကွက်

 

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အချို့ ကြက်ခြေနီ အမှတ်အသားပါ အေပရွန်ဝတ်ဆင်မှုနှင့်ပတ်သက်၍ ကန့်ကွက်ကြောင်း
မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက သတင်းထုတ်ပြန်ချက် ၀၁/၂၀၂၀ ကိုထုတ်ပြန်ခဲ့တာပါ။

ကြက်ခြေနီ အမှတ်အသားကို နိုင်ငံပေါင်း ၁၉၂ နိုင်ငံ မှ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများသာ သူနာပြုလုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများမှာ အသုံးပြုခွင့် ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးလုပ်ငန်းတချို့မှာ ကြက်ခြေနီ အမှတ်အသားကိုအသုံးပြုခဲ့တာကြောင့် ရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ထားတယ်လို့ အဲဒီကြေငြာချက်မှာ ဖော်ပြထားပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •