လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာဖြင့်တာဝန် ထမ်းဆောင်နေ
လက်ရှိအချိန်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျန်းမာရေးအတွက် ဧည့်သည်အဝင်အထွက် အထူးတင်းကျပ် ထားတယ် လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းကပြောပါတယ်။
ဒီကနေ့ မှာလည်း မြန်မာ့အသံမှ ထုတ်လွှင့်မယ့် နိုင်ငံရေးပါတီများ မိန့်ခွန်းကို ရိုက်ကူးရန် တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကိုသွားရောက်ခဲ့တယ်လို့ သိရပါတယ်။
နေ့လည်ပိုင်းမှာတော့ နေပြည်တော်ရှိ NLD ရုံးချုပ်ကိုသွားရောက်ခဲ့ပါတယ်။ လူမှုကွန်ရက်မှာ ပျံနှံနေတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့သတင်းတွေဟာကောလာဟလတွေသာဖြစ်တယ်လို့ NLD ထိပ်တန်းခေါင်းဆောင်တစ်ဦးကပြောပါတယ်။