လူနာတင်ယာဉ်များ စက်တင်ဘာ (၂၉)ရက်နေ့ နံနက်(၆)နာရီအချိန်မှစတင်၍ တစ်ရက်လျှင် စက်သုံးဆီ (၂၅)လီတာ ထုတ်ယူနိုင်မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လူနာတင်ယာဉ်များ အခမဲ့ စက်သုံးဆီထုတ်ယူခွင့် ရယူနိုင်ရန်အတွက် Denko၊ PT Power၊ ရွှေဗျိုင်းဖြူ၊ Max Energy စက်သုံးဆီဆိုင်များနှင့် ဧရာဝတီဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဧရာဝတီဖောင်ဒေးရှင်း၏ စက်သုံးဆီအခမဲ့ ထုတ်ယူခွင့်ကတ်နှင့်အတူ မနက်ဖြန် စက်တင်ဘာ (၂၉)ရက်နေ့ နံနက်(၆)နာရီအချိန်မှစတင်၍ တစ်ရက်လျှင် စက်သုံးဆီ (၂၅)လီတာ ထုတ်ယူနိုင်မည်ဖြစ်‌ကြောင်း

 

အခမဲ့ ထုတ်ယူလိုသည့် လူနာတင်ယာဉ်များ အနေဖြင့် အဖွဲ့အစည်းအမည်၊ လူနာတင်ယာဉ်အမှတ်၊ တာဝန်ခံယာဉ်မောင်းအမည်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ လိပ်စာ၊ မော်တော်ယာဉ်၏ ဓာတ်ပုံတို့နှင့်အတူ Ayeyarwady Center ၏ Messenger (သို့) Viber (09 88 760 7500) (သို့) အောက်ပါ Website Address တို့မှတစ်ဆင့် စာရင်းပေးသွင်းနိုင်မည် ဖြစ်ပါသည်။

 

https://forms.office.com/Pages/ResponsePage.aspx?id=LhXcJEI26Uq-jduwqcfsHegjEN3AritFlzsc5-dAInxUM0gzS0RZUFVRMUVKVUJUMVpDOEU0MlVYNC4u&fbclid=IwAR0p79aWX4XLZzjpNMVVBybkA4ZS1x4Y770iopxccHMO4VwQFuFHT3xCsgQ

လျှောက်ထားသူများကို (၂၄)နာရီအတွင်း စက်သုံးဆီ အခမဲ့ထုတ်ယူခွင့်ကတ်များကို ပြန်လည် ဆက်သွယ်၍ ထုတ်ပေးသွားမည် ဖြစ်ပြီး ဧရာဝတီစင်တာ စီမံခန့်ခွဲမှုရုံး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဂိတ်(၂)တွင် လာရောက်ထုတ်ယူနိုင်မည် ဖြစ်ပါသည်။ အသေးစိတ် ဆက်သွယ်မေးမြန်းလိုပါက – 09 88 760 7500 ကို ဆက်သွယ်နိုင်ပါကြောင်း


Spread the love
  •  
  •  
  •  
  •  
  •  
  •