<span;>လူနာအမှတ် ၄၆၄ နှင့် ၄၆၅ တို့မှာ စစ်တွေမှရန်ကုန်သို့ လေကြောင်းဖြင့် လာခဲ့ပြီးချက်ချင်းပင် လေဆိပ်မှ Quarantine Center သို့ပို့ဆောင်ခဲ့တာဖြစ်
သတင်းအမှန်အားအသိပေးဖော်ပြခြင်း
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀ရက်နေ့မှစ၍ သြဂုတ်လ
၂၄ရက်နေ့အထိ ရခိုင်ပြည်နယ် စစ်တွေမြို့၊ သံတွဲမြို့၊ကျောက်ဖြူမြို့တို့မှ လေကြောင်း၊ကုန်းကြောင်းဖြင့် လာသူ ၅၄၂ ဦးအား Quarantine ထားရှိထားပြီး ဓါတ်ခွဲနမူနာစစ်ဆေးခြင်းများဆောင်ရွက်ပေးနေပါသည်။
ယနေ့ ပိုးတွေ့ရှိရသော လူနာအမှတ် ၄၆၄ နှင့် ၄၆၅ တို့မှာ စစ်တွေမှရန်ကုန်သို့ ၂၀ ရက်နေ့တွင် လေကြောင်းလိုင်းမှဝင်ရောက်ခဲ့သဖြင့် ချက်ချင်းပင် လေဆိပ်မှ Quarantine Center သို့ပို့ဆောင်ပြီး စစ်ဆေးပေးခဲ့ရာ ရောဂါရှိကြောင်းအတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပါသည်။
ယခု အင်တာနက်စာမျက်နှာများတွင်ပျံ့နှံ့နေသော ရပ်ကွက်သတင်းပေးမှုဖြင့် Q ဝင်ခဲ့ရခြင်း ၎င်းနေထိုင်ရာ ရန်ကုန်ရှိနေရာအားLockdown လုပ်ထားသည်ဟု ရေးသားဖော်ပြခြင်းမှာ သတင်းအမှားသာဖြစ်ကြောင်းအသိပေးအပ်ပါသည်။