လူနာအမှတ် (၇၈၈)နှင့် ထိတွေ့ခဲ့သူ (၃၉)ဦးရှိ ၊ထိတွေ့ခဲ့သူများ၏ ဓာတ်ခွဲနမူနာများ ရယူကာ စစ်ဆေးနေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လူနာအမှတ် (၇၈၈)နှင့် ထိတွေ့ခဲ့သူ (၃၉)ဦးရှိ
[ထိတွေ့ခဲ့သူများ၏ ဓာတ်ခွဲနမူနာများ ရယူကာ စစ်ဆေးနေ]

မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး စောင့်ကြည့်လူနာ သီသန့်ဆောင်၌ ဖျားနာရောဂါဖြင့် ဆေးကုသရန် မြင်းခြံမြို့မှ ရောက်ရှိသည့် အမျိုးသားတစ်ဦး(လူနာအမှတ် ၇၈၈)တွင် ဩဂုတ် ၃၁ ရက်က COVID-19 ရောဂါပိုး စစ်ဆေးတွေ့ခဲ့ရာ အဆိုပါ လူနာအမှတ် (၇၈၈)နှင့် ထိတွေ့ခဲ့သူ (၃၉)ဦးရှိပြီး နောက်ထပ်ထိတွေ့သူများကိုလည်းထပ်မံရှာဖွေနေကြောင်းနှင့် လူနာအမှတ် (၇၈၈)နှင့် ထိတွေ့ခဲ့သူ (၃၉)ဦး၏ ဓာတ်ခွဲနမူနာများ ရယူကာ စစ်ဆေးနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတင်းရရှိသည်။

အဆိုပါ COVID-19 ရောဂါပိုးတွေ့လူနာ(လူနာအမှတ် ၇၈၈)သည် သြဂုတ် (၁၈)ရက်က ရန်ကုန်မြို့မှ မြင်းခြံမြို့နေအိမ်သို့ ရောက်ရှိခဲ့ပြီးနောက် သြဂုတ် (၃၀)ရက်တွင် မဟာအောင်မြေမြို့နယ်ရှိ ပုဂ္ဂလိကဆေးရုံသို့ လာရောက်ပြခဲ့ကာ ထိုမှတစ်ဆင့် သြဂုတ် (၃၁)ရက် နံနက်ပိုင်းတွင် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့သူဖြစ်သည်။

လက်ရှိတွင် မန္တလေးမြို့၌ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိသည့် အတည်ပြုလူနာ သုံးဦးကို မန္တလေးမြို့ ၆၂ လမ်းရှိ ကန်တော်နဒီဆေးရုံ၌ ဆေးကုသပေးလျက်ရှိသည်။

(၂-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၉၃၈) ဦးရှိပြီ ဖြစ်ပါသည်။

KH
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •