” လူမှန် နေရာမှန် “

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လူမှန် နေရာမှန် –

အဖွဲ့အစည်းတစ်ခု အထူးသဖြစ် မိမိတို့ကို
မွေးဖွားခဲ့ ပြီးအခြေချနေထိုင်သည့် ဇာတိနိုင်ငံကို
မိမိတို့အဖွဲ့၊မိမိတို့ပါတီ၏ မူဝါဒ ရပ်တည်မူ ရည်ရွယ်ချက်များဖြင့် မိမိတို့နိုင်ငံကို စီမံခန့်ခွဲမူ အခွင့် အာဏာများရရှိစေနိုင်ဘို့ ပြည်သူပြည်သားများစွာ၏
ယုံကြည် ထောက်ခံမူများရရှိနိုင်စေရန် ကြိုးစားဆောင်ရွက်နေကြသော နိုင်ငံရေး ပါတီ များသည် ပါတီ၏ မူဝါဒရေးရာများ၊
စည်းရုံးရေးများနှင့်ပြည်သူ့ရေးရာများ၊ အခြားလိုအပ်သည်များကို စွမ်းဆောင် ခေါင်းဆောင်မည့် ဦးဆောင်နိုင်မည့် လူပုဂ္ဂိုလ်များကို ရွေးချယ်တာဝန်ပေးရာတွင် အုပ်စုဖွဲ့မူကင်းရှင်းခြင်းနှင့်
ပြည့်စုံသင့်သလောက်ပြည့်စုံသူများကို ရွေးချယ် တာဝန်ပေးနိုင်စေရန်အရေးကြီး အရေးပါလှပေသည်။
ယခု ကျွန်တော်တို့နိုင်ငံ၌တွေ့မြင်နေရသည့်အပြင်
ကြုံတွေ့ ရင်ဆိုင်နေကြရသည်ကအုပ်စုဖွဲ့ခြင်း၊
(အထူးသဖြစ်ဦးဆောင်နေရာရထားကြသူများက သူတို့အတွက် အဖွဲ့အစည်းအတွင်း မဲများများရရှိစေဖို့ တပည့်မွေး နေရာပေးခြင်း)
များကိုသာတွေ့ မြင်နေကြရပါတယ်။

နိုင်ငံရေးဆိုင်ရာ ဖွံ့ဖြိုးမူနှင့် လိုက်လျောညီထွေရှိမူ အားနည်းနေသေးသည့် မိမိတို့နိုင်ငံ၏ အခြေအနေ
ဖြစ်စဉ်များကို သတိထား လုပ်ဆောင်ကြဘို့သည် အရေးပါ လိုအပ်လှပါတယ်၊

နိုင်ငံနဲ့ဒေသ ချစ်စိတ်က ကြီးမား ကျယ်ပြန့်ပြီး နိုင်ငံရေးအားကောင်းမောင်းသန်ကြကာ ညီညွတ် စည်းလုံး နိုင် ကြသည့် စိတ်ဓာတ်များ ဖြင့်သာ မိမိတို့ နိုင်ငံနဲ့အတူ မိမိတို့နှင့်လက်ရည်တစ်ပြင်တည်း
မွေးဖွား ကြီးပြင်း၍ အတူတကွ နေထိုင်ကြကုန်သော ညီရင်းအကို၊မောင်နှမ၊တိုင်းရင်းသားပြည်သူ
မိမိတို့နိုင်ငံသား များအားလုံး အတွက် ထူထောင် ရပ်တည်နေကြဘို့ ကြိုးစားဆောင်ရွက်
ကြရမှာက နိုင်ငံရေးပါတီများ၏တာဝန် ဝတ္တရားများနှင့်ကျင့်ဝတ်များပင်ဖြစ်ပေသည်။

မိမိတို့နိုင်ငံကို ပြန်လည်ပြုပြင်၊ အပြောင်းအလဲကာလတွင်-
မြန်မာပြည်နိုင်ငံရေးရပ်ဝန်းပြင်ပမှ လူများအား လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်တာဝန်ပေးခဲ့မူ၊ အစိုးရရာထူးနေရာများတွင်ခန့်ထားတာဝန်ပေးမူများကြောင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေးညီညွတ်မူများက –
ကမောက်ကမ ဖြစ်လာခဲ့ရတာကို ပြည်သူ ပြည်သားအားလုံးက မြင်ခဲ့ကြမှာဖြစ်ပါတယ်၊
မုသားမပါ လင်္ကာမချော ဆိုသည်က အရောင်းအဝယ်၊စီးပွားရေးသမားများလောကတွင်သာ တွင်ကျယ်နိုင်ပြီး၊ နိုင်ငံရေးရပ်ဝန်း၌ အသုံးမတည့်လှပေ၊
မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ရတာကိုလည်း
တွေ့ကြုံခဲ့ရပြီးပါပြီ၊
ဥပမာ – တိုင်းပြည်အတွက်ရှေ့ဆက်ပြီးအင်တိုက် အားတိုက်လုပ်လိုမူများကို မလုပ်ရပါဘဲ ပါတီအတွင်း ထည့်သွင်းမိသော အခြေအနေတစ်ခုကြောင့် ထိုပုဂ္ဂိုလ်များ၏ တိုက်ခိုက်ပြောဆိုမူများ၊တစ်စင်ထောင်မူများကို ရှင်းရ၊လင်းရမူများ၊အစိုးရနှင့်လွှတ်တော်ကို ကန့်လန့်တိုက်သူများဖြစ်လာမူကြောင့်
အချိန်တစ်ခုနှောင့်နှေးခဲ့ရကာ အစိုးရ၊လွှတ်တော်၊ပါတီအားအထင်အမြင်သေးကာ နိုင်ငံရေးဝေဖန်သုံးသပ်သူများက ငါ့စကားနွားရ
ပြောဆို၊ ရေးသားခဲ့ကြပြီး မိမိတို့နိုင်ငံကို
Fail state ၊ Fail country ဆိုပြီး ရင့်ရင့်သီးသီး၊
ပေါပေါလောလော၊နိမ့်နိမ့်ပါးပါးပြောကြ၊
ညွှန်းဆိုကြမူများကိုလည်း (၅) နှစ်တာကာလအတွင်းမိမိတို့နိုင်ငံက ရင်ဆိုင် ရုန်းကန်ခဲ့ရပါတယ်၊

ပါတီကြောင့်လွှတ်တော်ကိုယ်စားလှယ်
ဖြစ်လာကြသူအချို့ကလည်း ပါတီနဲ့အတူ အစိုးရနှင့်လွှတ်တော်အခင်းအကျင်းများကို စော်ကား၊ရန်လို တိုက်ခိုက်မူများလည်းရှိခဲ့တာကိုတွေ့ရပါတယ်၊
အထွေထွေရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ(၈) ရက်နေ့မတိုင်မီ ရက်ပိုင်းအထိ
၎င်းသူများ၏ တိုင်းပြည်ကို ပမာ မခန့်ပြောဆို အင်တာဗျူးမူများကို ကြုံလာခဲ့ကြရပါတယ်၊
ထိုသည်များကို မိမိတို့တိုင်းရင်းသား ပြည်သူ ပြည်သားအားလုံးက နိုဝင်ဘာ(၈) ရက်နေ့၌ ဆန္ဒမဲများကို လာရောက်ပေးကြမူဖြင့်
ပြတ်ပြတ်သားသားချေမူန်းခဲ့ကြတာကိုတွေ့ရပြီးဖြစ်ပါတယ်၊

သို့ဖြစ်ပါသော အကြောင်းကြောင်းများကို ဆင်ချင်သုံးသပ်၍
နိုင်ငံရေးရာထူးဖြစ်သော
ပြည်ထောင်စုအစိုးရနှင့်ဒေသန္တရအုပ်ချုပ်ရေးအာဏာရှိသည့် တိုင်းဒေသကြီး၊ပြည်နယ်အစိုးရများတွင် မြန်မာပြည်နိုင်ငံရေးရပ်ဝန်းပြင်ပမှလူများကိုခန့်ထားမူမလုပ်ပါဘဲ၊
အပြန်အလှန်နိုင်ငံရေးချိတ်ဆက်နိုင်သော၊
အစိုးရသစ်၏ မူဝါဒများအား လက်တွေ့ကျကျအကောင်အထည်ဖော်ပေးနိုင်သည့်
Decision maker နေရာများတွင်
မြန်မာပြည် နိုင်ငံရေးရပ်ဝန်းကို နားလည်သူများ၊
နိုင်ငံရေးဘြဇာရှိပြီး၊နိုင်ငံရေးအတွေ့အကြုံ
ရှိကြသူများနှင့် ပါတီမှ နိုင်ငံရေးသမားများကို ခန့်ထားဘို့လိုပါတယ် ၊
ယနေ့ကာလတွင် ဝရုန်းသုံးကားဖြစ်စေနိုင်မူကို ရင်ဆိုင် တွန်းလှန်နိုင်သည့် အတွေ့အကြုံရှိ နိုင်ငံရေးသမားများကိုလည်း ပါဝင်ဖွဲ့စည်းစေဘို့လိုပါတယ်၊
ယခုပြောင်းလဲ ဖွဲ့စည်းမည့် အစိုးရသည် ၂၀၁၅ အစိုးရအကူးအပြောင်းကာလထက်
ပိုမို အရေးတကြီးလုပ်ဆောင်ရန်လိုအပ်ပြီး၊
ဖြစ်ပေါ်လာသည့် အစိုးရသစ်သည် တိုင်းပြည်နှင့် ပြည်သူ့အရေးအရာများကို ဦးစားပေး ဆောင်ရွက်နိုင်မူများကို အပြည့် အဝတုံ့ပြန် ဆောင်ရွက်နိုင်မူများ ရှိဘို့ လိုအပ်ပါတယ်၊

ဤသို့သော ဆောင်ရွက်နိုင်မူသည် မိမိတို့နိုင်ငံ၏ပကတိ လိုအပ်နေသောအခြေအနေများသာဖြစ်ပါ တော့သည်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
………. (12.11.2020)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •