လူမှုကွန်ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သတင်းတုများဖြင့် တိုက်ခိုက်နေ ဟု ဒေါက်တာမျိုးညွန့် ပြော

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

အင်အားကောင်းကောင်းဖြင့်အဖွဲ့အစည်းလိုက် လူမှုကွန်ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သတင်းတုများဖြင့် တိုက်ခိုက်နေ
[ပါတီကို အပုတ်ချသည့်နည်းဖြစ်၍ အလုပ်ဖြစ်မည်မဟုတ်]

အင်အားကောင်းကောင်းဖြင့် အဖွဲ့အစည်းလိုက် လူမှုကွန်ရက်တွင် အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်ပါတီကို ပုံဖျက်သည့်သတင်းတုများဖြင့်တိုက်ခိုက်နေကြောင်း ဗဟိုကော်မတီ ဝင် ဒေါက်တာမျိုးညွန့်ကထုတ်ဖော်ပြောကြားလိုက်သည်။

ပါတီအား တိုက်ခိုက်သည့် သတင်းတုများနှင့် ပတ်သက်၍ စက်တင်ဘာ ၇ရက် ဆက်သွယ်မေးမြန်းရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့်ကပြောကြားခဲ့သည်။

“အဖွဲ့အစည်းလိုက်ကို အင်အားကောင်းကောင်းနဲ့ လုပ်နေတယ်လို့ ယူဆရတယ်။ ပြည်သူဆီ ကမဲကို ရဖို့မမှန်တဲ့နည်းကိုသုံးပြီး ဒါမှမဟုတ် ပြိုင်ဘက်ကိုအပုတ်ချတဲ့နည်းတွေ သုံးတာ ဒါဘယ်လိုမှလည်းအလုပ်ဖြစ်မှာမဟုတ်ဘူး။ ဒါတွေကို ဒီ သတင်းတုတွေ လုပ်တဲ့ လူတွေကိုယ်တိုင် သဘောပေါက်သွားမှ ဒီဟာတွေနည်းလာမှာပေါ့။ အခုက အကောင့်တုတွေကအများကြီးရှိနေတော့ ကျွန်တော်တို့ သတင်းတုမဖြစ်ပေါ်အောင်လုပ်နေပင်မဲ့ သိပ်ပြီးမထိရောက်ဘူး။ဖေ့စ်ဘုတ်ကတော့ ဒီဟာမျိုးတွေတွေ့ရင် အကောင့်ပိတ်တာတို့ ဘာတို့တော့ရှိပါတယ်”ဟု ၎င်းကပြောသည်။

လူမှုကွန်ရက်တွင် အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ပါတီတို့အား တိုက်ခိုက်သည့် သတင်းတုများကို မကြာခဏ အကောင့်တုများကတင်လေ့ရှိပြီး ၎င်းကို ပြည်သူလူထုအနေဖြင့် ခွဲခြမ်းစိပ်ဖြာလေ့လာသင့်ကြောင်း ဒေါက်တာမျိုးညွန့်ကဆိုသည်။

” ဒီလိုသတင်းတုတွေနဲ့ပတ်သက်ရင် ဆိုရှယ် မီဒီယာဖြစ်တဲ့အတွက်ကြောင့်ပြည်သူလူထုကအတွေ့အကြုံနည်းတယ်။ ပုံနဲ့တကွမြင်ရရုံလိုက်မျှနဲ့အလွယ်တကူမယုံလိုက်ကြပါနဲ့။ဇစ်မြစ်ကိုသေချာလိုက်ပြီးမှ ယုံကြည်ကြပါ။ ဒီသတင်းကိုလက်ခံကြပါ”ဟု ၎င်းကထပ်မံပြောသည်။

မင်းသီဟန်(MH)
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •