လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ရိုးမရိပ်သာကွာရန်တင်းစင်တာကိုသွားရောက်ပြီး လိုအပ်ချက်များညှိနှိုင်းဆောင်ရွက်ပေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ရိုးမရိပ်သာကွာရန်တင်းစင်တာကိုသွားရောက်ပြီး လိုအပ်ချက်များညှိနှိုင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ရိုးမရိပ်သာကွာရန်တင်းစင်တာကိုသွားရောက်ပြီးအထွေထွေလိုအပ်ချက်များဖြစ်တဲ့ စားသောက်ရေးကိစ္စများ၊ ရေ၊ မီးပြဿနာများကို အဆင်ပြေစေရန်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။

ဒါ့အပြင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းဟာ ရိုးမရိပ်သာကွာရန်တင်းစင်တာမှာ စေတနာ့ဝန်ထမ်း အဖြစ် လုပ်အားပေးဆောင်ရွက် နေကြတဲ့လူငယ်တွေကို တွေ့ဆုံအားပေးစကားပြောကြားခဲ့ပါတယ်။

အဲဒီနောက် ဒဂုံတက္ကသိုလ်တွင် မကြာမီဖွင့်လှစ်တော့မည့် ကွာရန်တင်းစင်တာပြင်ဆင်နေမှုများအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo – Bwar Sin Phyo(Thonenari Creation)

 


Spread the love
  •  
  •  
  •  
  •  
  •  
  •