လူမှု​ရေးဝန်ကြီး Community Base Facility Quarantine Center ကို သွားရောက်ကြည့်ရှုစစ်​ဆေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လူမှု​ရေးဝန်ကြီး Community Base Facility Quarantine Center ကို သွားရောက်ကြည့်ရှုစစ်​ဆေး

ရန်ကုန်တိုင်း​ဒေသကြီး လူမှု​ရေးဝန်ကြီး ဦးနိုင်ငံလင်းသည် စက်တင်ဘာလ ၂၇ရက်​နေ့ နံနက်ပိုင်းတွင် ဒေါပုံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဟန်စိုးနှင့်အတူ ဒေါပုံမြို့နယ်ရှိ Community Base Facility Quarantine Center ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

Quarantine ခံယူနေသူများအတွက် လိုအပ်မှုများရှိနေသည့်အတွက် လိုအပ်သည်များကို အမြန်ဆုံးဆောင်ရွက်ပေးနိုင်ဖို့ ညှိနှိုင်းပေးခဲ့ပါတယ်။ စင်တာမှာ အဆင်ပြေစွာနေထိုင်နိုင်ရေးနဲ့ Quarantine ခံယူနေသူများကို အားပေးစကားပြောကြားခဲ့ပါတယ်။

ထို့နောက် သာကေတမြို့နယ် မှာဖွင့်လှစ်ထားတဲ့ Fever Clinic ကိုသွားရောက်ပြီး တာဝန်ခံဆရာဝန်များနှင့်တွေ့ဆုံကာ လတ်တလောကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာတွေကိုမေးမြန်းခဲ့ပါတယ်။ Fever Clinic မှာလတ်တလော လိုအပ်နေတဲ့ သန့်စင်ခန်းလိုအပ်ချက်များ၊ ဆေးဘက်ဆိုင်ရာပစ္စည်းလိုအပ်ချက်များ၊ အနံ့မရသူဦးရေများပြားလာသည့်ကိစ္စနှင့် ပက်သက်ပြီး မြို့နယ် Covid ကော်မတီနှင့် ချိတ်ဆက်ဆောင်ရွက်ဖို့နှင့် စေတနာ့ဝန်ထမ်းများလိုအပ်နေမှုအခြေအနေတွေကို ဆောင်ရွက်ပေးနိုင်ဖို့ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။

ထို့ပြင် We Love Yangon မှလှူဒါန်းသော အလှူငွေ (၁၀)သိန်းကျပ်ကို Fever Clinic မှာသန့်စင်ခန်းဆောက်လုပ်ရာတွင်အသုံးပြုရန်အတွက် (၅)သိန်းနှင့် Fever Clinic မှာလိုအပ်တဲ့အထွေထွေအသုံးစရိတ်အတွက် (၅)သိန်းကျပ်ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ဆက်လက်ပြီး သာကေတမြို့နယ်မှာ Quarantine Center အဖြစ်ဆောင်ရွက်နေတဲ့ အ.ထ.က(၂)သာကေတမြို့နယ် နှင့် အ.ထ.က(၅)သာကေတမြို့နယ် တို့မှာ Quarantine ခံယူနေသူ (၁၆၄)ဦးတို့ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် ​မေးမြန်းကြည့်ရှုကာ လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ပါတယ်။

ထို့နောက် Community Base Facility Quarantine Center အဖြစ်ထားရှိနေတဲ့ ဇိနမာရ်အောင်စေတီတော်မြတ်ကြီးသို့ ရွေးကောက်ပွဲအတွက်အသုံးပြုစရိတ်ထဲမှနေ၍ သာကေတမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံးရဲ့ကိုယ်စား ဆန်အိတ်(၂၀)ကိုလှူဒါန်းခဲ့ပါတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲအသုံးစရိတ်သည် ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအတွက် အရေးကြီးသည်မှန်သော်လည်း ယခုလို COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် လိုအပ်နေသည့်နေရာမှာအသုံးပြုခွင့်ရလို့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ လို့ ဝန်ကြီး က​ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အခြားတာဝန်ရှိသူများနှင့်အတူ သာကေတမြို့နယ်ရှိ Fortune Plaza အား Quarantine Center အဖြစ်ထားရှိရန်လိုအပ်သည်များကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့သိရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •