လူရွှင်တော် ဟာသသရုပ်ဆောင် ဦးမန်းဝင်းကွယ်လွန်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

လူရွှင်တော် ဟာသသရုပ်ဆောင် ဦးမန်းဝင်းကွယ်လွန်

လူရွှင်တော် ဟာသသရုပ်ဆောင် ဦးမန်းဝင်း ဟာ ဒီကနေ့ ဇူလိုင် ၁၃ရက် မနက် ၆ နာရီခွဲက မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံဆေးရုံမှာ ကွယ်လွန် သွားပါတယ်။

 

လူရွှင်တော်ကြီး ဦးမန်းဝင်း ဟာလွန်ခဲ့တဲ့ လပိုင်းကတည်းက ဦးနှောက် သွေးယိုစိမ့်မှုကြောင့် အရေးပေါ် ခွဲစိတ်ကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။

 

 

လူရွှင်တော် ဟာသသရုပ်ဆောင် ဦးမန်းဝင်း အသက်(၇၇) နှစ် အနေဖြင့် (၉၆)ပါးသော ရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ် ပတ္တမြား (၂)လမ်း((၇)ရပ်ကွက် နေအိမ်တွင် ယခုလ ၁၃-ရက်နေ့ နံနက်ပိုင်း က ကွယ်လွန်ခဲ့ကြောင်းသိရသည် ။
နှစ်ပေါင်း(၆၀) ကျော် ကြာအောင် လူတိုင်းကို ပျော်ရွှင်အောင် ဖန်တီးပေးနေခဲ့သူ ၊ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး မန်းဝင်း ရန်ကုန်တိုင်းဒေသကြီးခရမ်းမြို့နယ် ၊ကမာကရာ ရွာ တွင် မွေးဖွားခဲ့ပြီး၊ အလှူပွဲ ၊ကျောင်းကပွဲများတွင် အမျိူးသမီးလေးတစ်ဦးအသွင် ဝတ်စားဆင်ယင်ပြီး၊ ဖျော်ဖြေရာကနေ သရုပ်ဆောင်ဝါသနာက ထိန်းမရအောင် ကြီးထွားလာခဲ့သည်၊
ရန်ကုန်မြို့ကြီးပေါ်သို့ မထင်မှတ်ပဲပြောင်းရွေ့လာရာကနေ မထင်မှတ်ထားသည့် အပြောင်းအလည်တွေသူ့ ဘဝ မှာ ကြုံတွေ့လာခဲ့တော့သည်၊ တောင်သူလယ်သမား မိဘ နှစ်ဦးကနေ မွေးဖွားလာခဲ့ပြီး၊အတန်ူပညာနည်းပါးသောကြောင့် ၊ ရန်ကုန်တွင်အခြေချလုပ်ကိုင်ဖို့ အလုပ်က အင်မတန်ကိုရှားပါးလွန်းတာကြောင့် အုတ်သည်၊ကျောက်သည်သည်အလုပ်ကြမ်းတွေကို လုပ်ကိုင်ရင်း မိမိဝါသနာပါသော အနုပညာအလုပ်ကို တစ်ဖက်တစ်လမ်းကနေလုပ်ရန်ဆဲုးဖြတ်ကာ ရန်ကုန်မြေဝိုင်းအက ပွဲများတွင် ဖိုးစံ အမည်ဖြင့် ရံဖန်ရံခါ ဝင်ရောက်ကပြရာကနေ ၊ အသက်(၂၀) အရွယ်တွင် ဇာတ်ဆရာ တစ်ဦးကြောင့် လူရွှင်တော်အဖြစ် ဝါဝါဝင်း အငြိမ်တွင် ပါဝင်ခဲ့ပြီး ၊ယနေ့တိုင်း အများပြည်သူကို ရယ်မော်မူတွေ ပေးနိုင်ခဲ့သူဖြစ်ခဲ့သော်လည်း ၊အသက်အရွယ်အရ၊ကျန်းမာရေးအရ အနားယူလိုက်ရပြီး၊ ယင်းအနေဖြင့် ဆေးကုသမှုတွေ ခံယူနေခဲ့ရပြီး၊ ခွဲစိတ်ကုသမှု ခံယူပြီးသော ဦးမန်းဝင်းဟာ ဦးနှောက်သွေးယိုမ့်မှုကြောင့် ဇွန်လ(၁)ရက်နေ့က ပင်လုံဆေးရုံကို တက်ရောက်ခဲ့ပြီး ကျောက်ကပ်ဝေဒနာအပြင် ၊နှလုံးရေဝဒနာကိုပါခံစားနေရသူဖြစ်ပြီး ၊ (၉၆)ပါးသောဝေဒနာကြောင့်သေဆုံးခြင်းဟုသိရသည်။
(ဒဂုံ ဝေလင်း)

Spread the love
  •  
  •  
  •  
  •  
  •  
  •