လူဦးရေများစွာ စီတန်းလှည့်လည်၍ NLD ကို ထောက်ခံသည်မှာ ပြည်သူများဖြစ်‌သဖြင့် ပါတီညွှန်ကြားစာထုတ်တားမရလို့ မေတ္တာရပ်ခံထားရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လူဦးရေများစွာ စီတန်းလှည့်လည်၍ NLD ကို ထောက်ခံသည်မှာ ပြည်သူများဖြစ်‌သဖြင့် ပါတီညွှန်ကြားစာထုတ်တားမရလို့ မေတ္တာရပ်ခံထားရ

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအား ပြည်သူလူထုက ထောက်ခံ၍ ၎င်းတို့အစီအစဉ်ဖြင့် လုပ်ဆောင်နေကြသည်ကို ပါတီက ညွှန်ကြားစာထုတ်၍ တားမရဘဲ မေတ္တာရပ်ခံထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က စက်တင်ဘာ၂၅ရက်တွင် ပြောသည်။

“ကျွန်တော်တို့ပါတီက စီစဉ်တဲ့ပွဲတွေကတော့ ကိုဗစ်ဗဟိုကော်မတီ ညွန်ကြားချက်အတိုင်း အတိအကျကိုလိုက်နာနေပါတယ်။ ဒါပေမဲ့ပြည်သူတွေ ကိုယ်တိုင်ဦးစီးပြီး မိမိတို့ စိတ်သဘောထားအလျှောက်လုပ်တဲ့ အင်အားပြပွဲတွေ အလှပြပွဲတွေကြတော့ ကျွန်တော်တို့ တားဆီးရခက်ပါတယ်။ အချို့ကလည်း ပြောတယ်။ စာထုတ်ပါဆိုတာ။ပြည်သူလူထုကို ကျွန်တော်တို့က စာထုတ်ညွှန်ကြားလို့မရဘူး။ မေတ္တာရပ်ခံလို့ပဲ ရပါတယ်။ ခေါင်းဆောင်ကိုယ်တိုင် ရုပ်သံနဲ့ မေတ္တာရပ်ခံထားပါတယ်”ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •