“လေကြောင်းကယ်ဆယ်ရေးတပ်သားများ တင်ဆောင်လာတဲ့ရဟတ်ယာဉ် ပြင်သစ်ပြည် အဲ့လ်(ပ်)တောင်တန်းပေါ်ပျက်ကျ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“လေကြောင်းကယ်ဆယ်ရေးတပ်သားများ
တင်ဆောင်လာတဲ့ရဟတ်ယာဉ် ပြင်သစ်ပြည် အဲ့လ်(ပ်)တောင်တန်းပေါ်ပျက်ကျ”

December 9, 2020

အင်္ဂါနေ့က လေကြောင်းကယ်ဆယ်ရေးတပ်သားများကို
တင်ဆောင်လာခဲ့တဲ့ရဟတ်ယာဉ်တစီး အဲ့လ်(ပ်)တောင်တန်းပေါ်ပျက်ကျခဲ့လို့လူ၅ဦး
သေဆုံးသွားခဲ့ပြီး ၊ဆဌမလူဟာဒါဏ်ရာရထားပြီးအသက်ရှင်သန်နိုင်ရေးအတွက်ကြိုးစားတိုက်ပွဲဝင်နေတယ်လို့ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်ကပြောပါတယ်။
အဲ့ဒီရဟတ်ယာဉ်ဟာ လေ့ကျင့်ရေးခရီးစဉ်မှာ လေကြောင်းကယ်ဆယ်ရေးတပ်ဖွဲ့တဖွဲ့ကိုတင်ဆောင်ပျံသန်းလာရင်း ပင်လယ်ရေမျက်နှာပြင်အထက်၁၈၀၀မီတာ(၅၉၀၉ပေ)အမြင့်ကနေ အောက်ကိုထိုးကျ သွားခဲ့တာဖြစ်တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကပြောဆိုပါတယ်။

ရဟတ်ယဥ်မောင်းသမားတယောက်၊စီးနင်းလိုက်ပါလာတဲ့အခြားပိုင်းလော့တဦး၊ဝန်ချီစက်မောင်းသမားနှစ်ဦး နဲ့ တောင်ပေါ်ကယ်ဆယ်ရေးလုပ်သားနှစ်ဦးတို့
လိုက်ပါ လာခဲ့ကြပြီး ရဟတ်ယဥ်မောင်းသူက
ယာဉ်ပေါ်ကနေခုန်ထွက်သွားနိုင်ခဲ့တယ်လို့
သတိပေးချက်ထုတ်ပြန်ထားပါတယ်။
ကယ်ဆယ်ရေးရဟတ်ယာဉ်၃စီးစေလွှတ်ထားပေမဲ့မြူတွေအုံ့ဆိုင်းနေမှုကြောင့်အခင်းဖြစ်ပွါးရာနေရာကိုမရောက်ရှိသေးဘူးဖြစ်နေစဉ်မှာ
ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာမြေပြင်ကနေ
ချဉ်းကပ်နိုင်ဖို့လည်းကြိုးစားနေကြပါတယ်လို့
ဆဗွိုင်း စီရင်စုနယ်က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြင်သစ်လေကြောင်းမတော်တဆဖြစ်မှု
စုံစမ်းရေးဗျူရိုကတော့ စုံစမ်းစစ်ဆေးမှုစတင်
ဆောင်ရွက်နေပြီး၊ကယ်ဆယ်ရေးအဖွဲ့တဖွဲ့စေ
လွှတ်မယ်လို့ ကွဲပြားစွာပြောဆိုထားပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •