လောက်ကိုင်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများဖမ်းဆီးရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

လောက်ကိုင်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် – ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၄ ရက် နံနက် ၈ နာရီခန့်တွင် ကြာတိမော်ကျေးရွာ၏ အနောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာ၌ လောက်ကိုင်မြို့တွင်အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၈ ဦးကို တွေ့ရှိဖမ်းဆီးရမိခဲ့ပါတယ်။

ထိုသူများကို ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖျားနာခြင်း၊ မောပန်းခြင်း၊ နှာစေး/ ချောင်းဆိုးခြင်းနှင့် ကိုယ်အပူချိန်မြင့်မားမှုများ မတွေ့ရှိရ၍ တရားဥပဒေအရအရေးယူဆောင်ရွက်နိုင်ရေးအတွက် တာရွှေထန်ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သတင်းရရှိသည် ။

Credit – တပ်မတော် သတင်းမှန် ပြ​န်ကြားရေး

http://dsinfo.org/node/193


Spread the love
  •  
  •  
  •  
  •  
  •  
  •