လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာ မှ ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု(၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာ မှ ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု(၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်

၁၉.၉.၂၀၂၀ ရက်နေ့၊ ၀၅ ၀၀ အချိန်ခန့်၊ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ စမ်းလှမ်းကျေးရွာတွင် လှိုင်းပုတ်ခတ်မှုကြောင့် နေအိမ်ပြိုကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လောင်းလုံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါ။

၁၉.၉.၂၀၂၀နေ့ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာ မှ ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု(၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း၊အိမ်ဆောက်ပစ္စည်းဘိုးနှင့် ဆန်ရိက္ခာဘိုးများအားစိုက်/မွေး/ဆယ်ဝန်ကြီးဦးမြင့်စန်း၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ််ခင်စန္ဒီတို့သည် တနင်္သာရီတိုင်းဘေးစီမံနှင့််လောင်းလုံးမြို့နယ်မြို့ ဘေးစီမံအဖွဲ့တို့ ပူးပေါင်းကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •