လောင်းလုံးမြို့၊ထားဝယ်-ရှင်မော်ကားလမ်းဘေး ဓာတ်ဆီဆိုင်နှင့် ကုန်စုံဆိုင် မီးလောင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ထားဝယ်၊ စက်တင်ဘာ  ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် သာယာကုန်းရပ်ကွက်၊ ထားဝယ်-ရှင် မော်ကားလမ်းဘေး(ဓာတ်ဆီဆိုင်နှင့်ကုန်စုံဆိုင်)နေအိမ်တွင် ယမန်နေ့နံနက် ၉ နာရီ ၄၀ မိနစ် အချိန်ခန့်က မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ထားဝယ်-ရှင်မော်ကားလမ်းဘေး (ဓာတ်ဆီဆိုင်နှင့်ကုန်စုံဆိုင်) နေအိမ်တွင် ဖုန်းအားသွင်းရာမှ အပူရှိန်လွန်ကဲပြီး ဘေးနားရှိဓါတ်ဆီပုံးအား ကူးစက်လောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းထွဋ်ဦး ဦးဆောင်၍ ထားဝယ်ခရိုင် မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း၊ လောင်းလုံးမြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃၂) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦး နှင့် မီးငြိမ်းသတ်ယာဉ် (၆) စီး၊ ရေသယ်ယာဉ် (၃) စီးနှင့်အတူ ရဲတပ်ဖွဲ့၊ ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့နှင့် ရပ်ကွက်သူ /ရပ်ကွက် သားများ တို့က ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၁၀ နာရီ၂၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုတွင် လူနေအိမ်RC (၂) ထပ် (၁) လုံးမီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် မီးအပူဟပ်ပြီးဒဏ်ရာရရှိသူ အိမ်ပိုင်ရှင်သားဖြစ်သူအား ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးယာဉ်ဖြင့် ထားဝယ်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ မီးလောင်မှုနှင့်ပတ်သက်၍ မောင်းမကန်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထားဝယ်(ခရိုင်ပြန်/ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •