လျှော်ဖြူကို ဘယ်လိုနေရာတွေမှာသုံးသလဲ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လျှော်ဖြူကို ဘယ်လိုနေရာတွေမှာသုံးလဲဆိုသူများ
အတွက် လျှော်ဖြူအစေးအသုံးဝင်ပုံနဲ့အသုံးပြုပုံ
************************************
စက်မှုလုပ်ငန်းဆိုင်ရာ အသုံးပြုမှု
(က) ရေနံနှင့် သဘာဝဓါတ်ငွေ့ထုတ်လုပ်သော စက်ရုံများတွင် ထုံးကျောက်- သတ္ထုများဖယ်ရှားရာတွင် drilling fluid အဖြစ် ရွံ့-ဓါတုပစ္စည်းနှင်း ရေများရောနှောနေမှုကို ဖော်ပြရာတွင် အသုံးပြုပါသည်။

(ခ) စက္ကူစက်ရုံများတွင် အရေအသွေးကောင်း ပေါ့ပါးခိုင်မာသောစက္ကူအသုံးပြုရာတွင် အသုံးပြုပါသည်။

(ဂ) သားရေစက်ရုံများတွင် အဝတ်အစားချုပ်လုပ်ရန်နှင့် ဆိုးဆေးအဖြစ် အသုံးပြုပါသည်။

(ဃ) ချည်ထည်-အထည်အလိပ်-ယက္ကန်းလုပ်ငန်းပေါင်းစပ် ပစ္စည်းအဖြစ် အသုံးပြုပါသည်။

 

အလှကုန်ပစ္စည်းများတွင် အသုံးပြုမှု

(က) ဆံပင်ဆိုးဆေးများတွင် Hair gelအဖြစ်အသုံးပြုပါသည်။

(ခ) Body lotion- လက်သည်းဆိုးဆေးနှင့် အလှကုန်များတွင် ပါဝင်ပစ္စည်း အဖြစ်အသုံးပြုပါသည်။

အစားအသောက်များတွင် အသုံးပြုမှု

(က) သစ်သီးဖျော်ရည်များတွင် ထည့်သွင်းခြင်းဖြင့် သစ်သီးဖျော်ရည် အရည်အသွေးကို ပိုမိုကောင်းမွန်စေပါသည်။

(ခ) ရေခဲမုန့် – ရွှေရင်အေး – ဖာလူဒါစသည့် စားသောက်ကုန်များတွင် ထည့်သွင်းသုံးစွဲပါသည်။

(ဂ) ရေဆူမှုန့် – ရေခဲမုန့် – ရေခဲချောင်းပြုလုပ်ရာတွင်လည်း အသွင်အပြင်ကောင်းမွန်စေရန် အသုံးပြုပါသည်။

(ဃ) နို့နှင့် နို့ထွက်ပစ္စည်းများတွင်လည်း အသုံးပြုပါသည်။

(င) အသားထုတ်ကုန်များတွင် ရေစုပ်ယူ၍ ထုတ်ပိုးပစ္စည်းများ ကြာရှည်ခံရန်အတွက်လည်း အသုံးပြုပါသည်။

ဆေးပစ္စည်းများတွင် အသုံးပြုမှု

(က) ဝမ်းနှုတ်ဆေး – ဝမ်းချူဆေး – သွားနှင့်ခံတွင်းသုံးဆေးများ

(ခ) ထိခိုက်ဒဏ်ရာများအတွက် အရေပြားလိမ်းဆေးများ

(ဂ) လျှော်ဖြူစေးသည် စေးကပ်သောဂုဏ်သတ္တိရှိသောကြောင့် သွားဖာခြင်း – ဆေးပတ်တီး – ဆေးပလာစတာများလုပ်ခြင်းအတွက် အသုံးပြုနိုင်သည်။

(ဃ) အဓိက အသုံးပြုသော ဆေးပစ္စည်းတစ်ခုမှာ အစာအိမ်နှင့် အူလမ်းကြောင်းသုံး ဆေးပစ္စည်းများ ဖြစ်ပါသည်။ အထက်ပါဖော်ပြခဲ့သောနေရာများနဲ့
အခြားကုန်ပစ္စည်းအမျိုးပေါင်း 700-ကျော်တို့တွင် အသုံးပြုနေကြပါသည်။

ကျန်းမာရေးနှင့် ခန္ဓာကိုယ်အထောက်အကူပြုပုံများ

၁။ သွေးအတွင်းသကြားဓါတ်ကိုလျော့ကျစေခြင်း
၂။ အသည်းအတွင်းအဆိပ်ပြေစေခြင်း
၃။ ထိခိုက်ဒဏ်ရာများကို ပျောက်ကင်းသက်သာစေခြင်း
၄။ ဆေး-ဂျယ်လီ-ဆေးပါတ်တီး-အရေပြားလိမ်းဆေး
၅။ အပူရှပ်ခြင်းကို သက်သာစေခြင်း
၆။ ဆီးမထိန်းနိုင်ခြင်းကို သက်သာစေခြင်း
၇။ အရေပြားနှင့် အလှအပအတွက် အကျိုးပြုခြင်း
၈။ မီးဖွားပြီးစ မိခင်များအတွက် အထူးသင့်လျော်ခြင်း
၉။ အမျိုးသမီးများရင်သားဖွံ့ဖြိုးစေခြင်း
၁၀။ အမျိုးသား အာရုံကြောသန်မာစေခြင်း

Credit-ကိုဝေယံဦး


Spread the love
  •  
  •  
  •  
  •  
  •  
  •