လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်။ ဒီဇင်ဘာ ၂၂

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်-တောင်ကြီး ကားလမ်းအတိုင်း မူးယစ်ဆေးဝါးပမာဏအများအပြားသယ်ဆောင်လာမည်ဖြစ်ကြောင်းသတင်းအရ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက် ၆ နာရီအချိန်တွင် လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး စောင့်ဆိုင်းနေစဉ် လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ အမျိုးသားတစ်ဦးမောင်းနှင်လာသည့် ၆ ဘီးမော်တော်ယာဉ်ကို စစ်ဆေးရန်တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသောကြောင့်

လိုက်လံပိတ်ဆို့ဖမ်းဆီးစဉ် မိုင်းပွန်မြို့၊ သင်္ချိုင်းအနီး မော်တော်ယာဉ်အား ယာဉ်မောင်း ရဲလှိုင်ဝင်း နှင့်အတူ ပိတ်ဆို့ဖမ်းဆီးရမိခဲ့ပြီး ယာဉ်ပေါ်တွင် ပန်းနှမ်းအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈ သန်း သိမ်းဆည်းရမိခဲ့သဖြင့် ရဲလှိုင်ဝင်း ၅၀ နှစ်အား ဥပဒေအရအမှုဖွင့်အရေးယူထားရှိပြီး သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြားများကို လဲချားမြို့မှ တောင်ကြီးမြို့သို့ သယ်ဆောင်မည်ဖြစ်ကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •