လွှတ်တော်ကိုယ်စားလှယ်များနှင့်မြို့နယ်ကိုဗစ်ကော်မတီတို့ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် သန့်ရှင်းရေးလုပ်အားပေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လွှတ်တော်ကိုယ်စားလှယ်များနှင့်မြို့နယ်ကိုဗစ်ကော်မတီတို့
အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် သန့်ရှင်းရေးလုပ်အားပေး

27-9-2020, Insein

အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်ကိုဗစ်ကော်မတီဦးဆောင်သော အဖွဲ့စုံပါ အင်အား ၅၀ ခန့်သည် ယနေ့နံနက် ၈နာရီမှ စတင်၍ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်အတွင်း သန့်ရှင်းရေး လုပ်အားပေးစတင်ခဲ့ပါသည်။

ဆရာတော်များ၏ လမ်းညွှန်မိန့်ကြားချက်နှင့်အညီ အဆောင်များဆေးဖြန်းခြင်း၊ လက်ဆေးဘေဇင်များတပ်ဆင်ခြင်း၊ အမှိုက်များစနစ်တကျ ထုပ်ပိုးလွှင့်ပစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ရွာမဆရာတော်ကြီးကိုလည်း တယ်လီဖုန်းဖြင့် ဆက်သွယ်လျှောက်ထားပြီး ကျန်းမာရေးအထူးကောင်းမွန်ကြောင်းနှင့် ယခုလိုကူညီဆောင်ရွက်ပေးမှုများ‌အပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်မိန့်ကြားခဲ့ပါကြောင်း အသိပေးအပ်ပါသည်။

ဝေဖြိုးဟန်
၂၇-၉-၂၀၂၀


Spread the love
  •  
  •  
  •  
  •  
  •  
  •