လွှတ်တော်ဥက္ကဌ၊ မြို့တော်ဝန် နှင့် လဝက ဝန်ကြီးတို့ရန်ကုန်တိုင်းအတွင်းရှိ  လမ်းသွယ်များတွင် ပိတ်ဆို့တားမြစ်ခြင်းများ မရှိစေရေး ကွင်းဆင်းကြည့်ရှု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လွှတ်တော်ဥက္ကဌ၊ မြို့တော်ဝန် နှင့် လဝက ဝန်ကြီးတို့ရန်ကုန်တိုင်းအတွင်းရှိ  လမ်းသွယ်များတွင် ပိတ်ဆို့တားမြစ်ခြင်းများ မရှိစေရေး ကွင်းဆင်းကြည့်ရှု

==================================
ရန်ကုန်၊ စက်တင်ဘာလ ၁၂ ရက်၊ ၂၀၂၀ ပြည့်နှစ်

၁၂.၉.၂၀၂၀ ရက်နေ့၊ ည(၇:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးနှင့်လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့သည် Covid-19 ထိန်းချုပ်ကာကွယ်ရေးအတွက် Stay at home သတ်မှတ်ထားရှိသောမြို့နယ်များကိုလှည့်လည်စစ်ဆေးခဲ့ပါတယ်။

 

ဗဟန်းမြို့နယ်၊ ရန်ကင်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်များ၏ ကမ္ဘာအေးဘုရားလမ်းတလျောက်နှင့် ပြည်လမ်းတစ်လျောက်ရှိ လမ်းသွယ်များတွငအဝင်အထွက်များအား လမ်းအလိုက်၊ အပိုင်းအလိုက် ကန့်သတ်ပိတ်ဆို့တားမြစ်ခြင်းများ မရှိစေရေး၊ ရပ်ကွက်နေပြည်သူများ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်းလိုက်နာရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ထုတ်ပြန်ထားရှိသော စည်းမျဉ်းစည်းကမ်းများအတိုင်း တိကျစွာလိုက်နာရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ ၊သက်ဆိုင်ရာဌာနများက တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •