လှည်းကူးမြို့နယ်တွင် ကြိုတင်မဲကောက်ယူ ရာ၌ တံဆိပ်တုံးအတုပြုလုပ်သုံးစွဲစေခဲ့သည့်ဆိုသည့်ကိစ္စ ပြည်ခိုင်ဖြိုးနှင့် NLD ပါတီတို့ နှစ်ဘက်အပြန်အလှန်ရှင်းလင်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လှည်းကူးမြို့နယ်တွင် ကြိုတင်မဲကောက်ယူ
ရာ၌ တံဆိပ်တုံးအတုပြုလုပ်သုံးစွဲစေခဲ့သည့်ဆိုသည့်ကိစ္စ ပြည်ခိုင်ဖြိုးနှင့် NLD ပါတီတို့ နှစ်ဘက်အပြန်အလှန်ရှင်းလင်း

လှည်းကူး ၊ အောက်တိုဘာ ၃၁

လှည်းကူးမြို့နယ်တွင် အောက်တိုဘာ ၃၀
ရက်နေ့က ရွေး/ ကော်အဖွဲ့ က ကြိုတင်မဲများ
လိုက်လံကောက်ယူရာတွင် ပြည်ခိုင်ပါတီ မဲရုံ
ကိုယ်စားလှယ်က တံဆိပ်တုံးအတု ပြုလုပ်သုံ
းစွဲစေခဲ့သည်ဆိုခြင်းနှင့်ပတ်သက်၌လှည်းကူး
မြို့နယ်ပြည်ခိုင်ဖြိုးပါတီနှင့် NLDပါတီတို့ က
ဖြစ်စဉ်နှင့်ပတ်သက်၌ နှစ်ဖက်အပြန်အလှန်ရှ
င်းလင်းပြောဆိုခဲ့ကြသည်။

” မနေ့က ကြိုတင်မဲကောက်တဲ့အစီအစဉ် ဒုတိယမြောက်နေ့ မှာဘာပြသနာပေါ်လည်းဆိုတော့ လှည်းကူးမြို့ရဲ့ မြို့မရပ်ကွက် ၈/၂ ၊ပန်းမြို့တော်လမ်းက အိမ်တစ်အိမ်ကို စပြီးဝင်တဲ့အချိန်မှာ ကြံခိုင်ရေးပါတီက ခန့်အပ်ထားတဲ့ မဲရုံကိုယ်စားလှယ် က တံဆိပ်တုံးလေးတစ်ခု ထုတ်ပေးလိုက်တာကိုကျွန်တော်တို့ပါတီက မဲရုံကိုယ်စားလှယ်က မြင်လိုက်တယ် ၊တံဆိပ်တုံးဆိုတာကကော်မရှင်ပဲကိုင်ရမှ
ာ ၊ပါတီကိုယ်စားပြုခန့်အပ်ထားတဲ့ မဲရုံကိုယ်စားလှယ်က ကိုင်တာ နည်းနည်းထူးဆန်းတယ်ဆိုပြီးတော့ သူကလည်းစိတ်ဝင်စားသွားတယ်၊ စပြီးဝင်တဲ့အိမ်ကနေ၃ဦး မဲပေးပြီးသွားပြီ
၊ နောက်တစ်အိမ်ကိုကူးပြီးမဲပေးကာနီးမှာ အဲ့ဒီ တံဆိပ်တုံးကိုကမ်းပေးတဲ့အချိန်မှာ တံဆိပ်မထုခင် ဒီတံဆိပ်တုံးလေးစစ်ဆေးပေးပါ၊ မသင်္ကာလို့စစ်ဆေးခိုင်းတဲ့အခါမှာ အတုဖြစ်နေတာကိုတွေ့ရတာ။ သူကအဲ့ဒီတံဆိပ်ကို အိမ်ထဲဝင်မယ့်ကော်မရှင်ကိုလှမ်းပေးလိုက်တာ၊ မဲပေးတဲ့အိမ်ထဲကို ပါသွားတဲ့အဖွဲ့အားလုံးကဝင်ခွင့်မှမရှိတာ ၊ကော်မရှင်တစ်ဦး ၊ မဲရုံမှူးတစ်ဦး ဒီနှစ်ဦးပဲဝင်ခွင့်ရှိတာ၊တံဆိပ်ထုဖို့ စီစဉ်မည့် ကော်မရှင်ကိုတော့ အဲ့ဒီအမျိုးသမီးကလှမ်းပေးလိုက်တယ် လို့ သိရပါတယ် ” ဟု လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်ကပြောသည်။

ယင်းသို့ ကြိုတင်မဲ လိုက်လံကောက်ယူသည့် အဖွဲ့တွင် UEC မှ ထုတ်ပေးထားသည့် တံဆိပ်တုံးပါရှိခဲ့ပြီး ၊ တံဆိပ်တုံးတစ်ခုထဲနှင့်ဆိုလျှင် ကြိုတင်မဲကောက်ယူရာ၌ ခရီးမတွင်ဟူသောအကြောင်းပြချက်ဖြင့် အဆိုပါအမျိုးသမီးမှ သူမယူဆောင်လာသော တံဆိပ်တုံးကိုပေးခြင်းဖြစ်သည် ဆိုသော အကြောင်းပြချက်မှာ ခိုင်လုံမှုမရှိကြောင်း ဦးသိန်းတန်က သုံးသပ်ပြောဆိုသည်။

ယင်းဖြစ်စဉ်မှာ ၄င်းတို့ခန့်အပ်ထားသည့် မဲ
ရုံကိုယ်စားလှယ် အမျိုးသမီးက သဘောရိုး
ဖြင့် ၄င်းတွင်ရှိသော တံဆိပ်တုံးကို ပေးခဲ့ခြင်းသာဖြစ်ကြောင်း၊ တစ်ဖက်ပါတီကိုယ်စားလှယ်များကို နစ်နာစေလိုသည့်ရည်ရွယ်ချက် လုံးဝမရှိကြောင်း လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ကရှင်းလင်းပြောကြားသည်။

” ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီ မဲရုံကို
ယ်စားလှယ်ကပြောပါတယ်၊ သူ့မှာ တံဆိပ်တုံ
းတစ်ခုကောက်ရထားတာရှိတယ်၊အဲ့ဒီတံဆိပ်
တုံးကို ၃၀ ရက်နေ့မနက် ရပ်ကျေးကော်မရှင်ကို အပ်နှံလိုက်ပါတယ်၊ရပ်ကျေးကော်မရှင်ကလည်းဒါကိုအသုံးပြုတယ်၊အသုံးပြုတာသည်ရပ်ကျေး ကော်မရှင်ရဲ့သဘောပဲဖြစ်တယ်၊ အပ်တယ်ဆိုတာလည်းရိုးရိုးသားသားပဲအပ်တာ၊ အသုံးပြုတယ်ဆိုတာသည် ဒါကအကျုံးဝင်တယ်ထင်မြင်လို့ လုပ်တာဖြစ်ပါတယ်။ ပြီးတော့ တစ်အိမ်ထဲမှာပဲ မဲက ၅ မဲလို့ ပြောပါတယ်။ ၅ ယောက်ထဲမှ ၃ ယောက်သည် ဒေါ်အေးမာဝင်းအပ်နှံတဲ့ တံဆိပ်တုံး နဲ့ရိုက်နှိပ်အသုံးပြုလိုက်တာဖြစ်ပါတယ်၊အဲဒီအချိန်မှာ
ကျွန်တော်တို့ပါတီရဲ့ မဲရုံကိုယ်စားလှယ်သည်
အိမ်ထဲဝင်ခွင့်မရှိပါဘူး။ခြံအပြင်မှာပဲ နေရပါတယ်။ ခြံအပြင်ပြန်ထွက်လာတဲ့အချိန်မှာ ကော်မရှင်အဖွဲ့ကိုမေးပါတယ်။ သူပေးလိုက်တဲ့ တံဆိပ်တုံး သည် အသုံးပြုလို့အဆင်ပြေရဲ့လား မေးလိုက်တဲ့အချိန်မှာ အခြားပါတီရဲ့မဲရုံကိုယ်စားလှယ်ကသိသွားပြီးတော့ သူပေးတဲ့တံ
ဆိပ်တုံးကိုကန့်ကွက်ပါတယ်ဆိုပြီးပြောတယ်။
မဲရုံမှူးတွေက တိုက်ဆိုင်စစ်ဆေးကြည့်ပါတယ်
။ စစ်ဆေးတဲ့အခါမှာ ကော်ရှင်ကထုတ်ပေးတဲ့တံဆိပ်တုံးမှာကUEC ဆိုတဲ့စာသားပါတယ် ၊
သူပေးလိုက်တဲ့တံဆိပ်တုံးမှာ စာသားမပါပါဘူး။မပါတာဖြစ်တဲ့အတွက် ကျွန်တော်တို့က အတုပြုလုပ်တယ်ဆိုတာဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ပါဘူး။ UECဆိုတဲ့စာသားပါအောင်၊ တစ်ပုံစံတည်းတူအောင်လိုက်လုပ်မှ အတုဖြစ်မှာပါ။ တံဆိပ်တုံးနဲ့ပတ်သက်လို့ ဘာကြောင့်ရှိနေသလဲဆိုရင် ကျွန်တော်တို့ပါတီကိုယ်စားလှယ်တွေသည် မဲပေးမည့် မဲဆန္ဒရှင်တွေကို ခိုင်လုံမဲဖြစ်အောင် ပယ်မဲမဖြစ်အောင်နမူနာလေးတွေပြကြတာဟာ ကျွန်တော်တို့ပါတီတစ်ခုထဲမဟုတ်ပါဘူး၊ပါတီပေါင်းစုံမှာ ရှိနေကြမှာပါ။

အဲဒီတော့ ဒီတံဆိပ်တုံးသည် ရပ်ကွက်တွေ ကျေးရွာတွေမှာ အများအပြားရှိနေပါတယ်။ ဒါကိုမီဒီယာက နိုင်ငံရေးအမြတ်ထုတ်တာလား၊ ယခင်လျှပ်စစ်ဝန်ကြီးဟောင်းဦး
ခင်မောင်စိုးမို့လို့ တိုက်ခိုက်တာလား၊သို့တည်း
မဟုတ် ပြည်သူအချင်းချင်းဝေဝါးသွားအောင်
၊ သို့တည်းမဟုတ် တစ်ပါတီနှင့်တစ်ပါတီ အငြင်းပွားအောင် ၊ ပါတီတွင်းမှာ သံသယဖြစ်အေ
ာင်ထိုးနှက်တာလားဆိုတာကို ကျွန်တော် မေးခွန်းထုတ်ချင်ပါတယ် ” ဟု လှည်းကူးမြို့နယ်
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အ
တွင်းရေးမှူး ဦးကျော်ဌေးက ပြောဆိုသည်။

၄င်းဖြစ်ရပ်အပေါ် ရန်ကုန်တိုင်းဒေသကြီး ၊
မြောက်ပိုင်းခရိုင် ရွေး/ ကော် ဥက္ကဌက လှည်း
ကူးမြို့နယ် ရွေး/ ကော်ထံ အစီရင်ခံစာတင်ပြ
ရန် ညွှန်ကြားထားပြီး ယင်းအစီရင်ခံစာကို တိုင်းသို့ ဆက်လက်တင်ပြမည်ဖြစ်ကာ တိုင်း ရွေး/ ကော်၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

” အဲ့ဒီတံဆိပ်တုံး ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့ဆီကို ဘာအစီရင်ခံစာမှ မရောက်လာသေးဘူး၊ လှည်းကူးမြို့နယ် ရွေး/ ကော်ကို အစီရင်ခံစာရေးခိုင်းထားတယ်။ အဲ့အစီရင်ခံစာကိုကျွန်တော်တို့က တိုင်းကိုဆက်တင်မယ် တိုင်းရဲ့ညွှန်ကြားချက်နဲ့အညီ ဆက်လုပ်ရမှာပါ၊အခုတော့ ဘာမှမလုပ်ရသေးဘူး။

မနေ့က ဆက်သွယ်တဲ့အခြေအနေအရ အဲ့ဒီကော်မရှင်ကို ခနနားလိုက်ပြီးလူစားထည့်ပြီးတော့လုပ်ထားလိုက် ဆိုပြီး ခရိုင်ကနေ ညွှန်ကြားထားပါတယ်။ ဘာကြောင့်မှားတယ် ဘယ်လိုရည်ရွယ်ချက်ရှိတယ်ဆိုတာကို စုံစမ်းစစ်ဆေးဖို့လုပ်ခိုင်းထားပါတယ် ၊ ဖြစ်စဉ်အပေါ်မှာ သုံးသပ်ပြီး ကျွန်တော်က တိုင်းကိုတင်မယ် ၊ တိုင်းကဘာလုပ်ရမယ် ညွှန်ကြားမှ ကျွန်တော်တို့ ဆက်သွားလို့ရမှာပါ ” ဟု မြောက်ပိုင်းခရိုင် ရွေး/ ကော် ဥက္ကဌ ဦးမောင်မွှေးကပြောသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •