လှည်းကူး၌ ဆန္ဒမဲပေးခွင့်ရှိသူများ မဲပေးခွင့်မရဟုဆိုကာ ဒေသခံပြည်သူတချို့ ဆန္ဒပြ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဆန္ဒမဲပေးခွင့်ရှိသူများ မဲပေခွင့်မရဟုဆိုကာ ဒေသခံပြည်သူတချို့ ဆန္ဒပြ

ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ပိုင်းခရိုင်လှည်းကူးမြို့နယ် ပြည်တော်သာရပ်ကွက် ၊ ပြည်တော်သာ ၆ လမ်းရှိလှည်းကူးမြို့နယ်ရွေးကော်ရုံးအနီး၌ နိုဝင်ဘာ ၁၀ ရက်နေ့လည် ၁ နာရီခန့်က ဖောင်ကြီး မင်းကုန်းမှဒေသခံနေပြည်သူ ၁၀၀ ခန့်က မဲပေးခွင့်ဆုံးရှုံးခဲ့ခြင်းအပေါ် ဆန္ဒပြုတောင်းဆိုခဲ့ကြကြောင်းသိရသည်။

ယင်းတောင်းဆိုမှုတွင် လှည်းကူး ဖောင်ကြီး မင်းကုန်းမှ ဒေသခံ ပြည်သူ ၁၀၀ ကျော်ခန့်ပါဝင်ပြီး ” တရားမျှတမှုမရှိသော ရွေးကောက်ပွဲရလာဒ် အလိုမရှိ ” ၊ ” UEC အဖွဲ့နှုတ်ထွက်ပေးရေး.. ဒို့အရေး ၊ ” ဘက်လိုက်တဲ့ကော်မရှင်အလိုမရှိ ” “ပြည်သူ့ဆန္ဒအမှန်မဟုတ်သောရွေးကောက်ပွဲရလာဒ် အလိုမရှိ ” စသည့် ကြွေးကြော်သံများကြွေးကြော်ကာ ယင်းဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ ဦးထွန်းထွန်းဦး နှင့် ဒေါ်စုစုလှိုင်တို့က ဆန္ဒထုတ်ဖော်ရခြင်းအကြောင်းကိုပြောကြားပြီး ဆန္ဒထုတ်ဖော်မှု ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

၄င်းကိစ္စပတ်သက်၍ လှည်းကူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ ဆက်သွယ်မေးမြန်းရာတွင်-

” ဒီနေ့ဖြစ်သွားတဲ့ကိစ္စက ကျွန်တော်ရုံးမှာမရှိဘူး၊ သူတို့အဓိကပြောတာတော့ မဲစာရင်းကိစ္စပေါ့နော်၊ မဲစာရင်းပါ မပါ ကြည့်ဖို့ ကြေညာထားတာ အားလုံးအသိပဲ ၊ မဲရေးတွက်တဲ့အခါမှာလည်းနိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေအကုန်ပါတာပဲ ၊ သူတို့အနေနဲ့ မဲ
တွေအပေါ် မကြေနပ်ဘူးဆိုရင် သီးခြားကန့်ကွက်စာတင်ပေါ့၊၊ ကျွန်တော်တို့ ကော်မရှင်အနေနဲ့ကတော့ ရပ်ကျေးကော်မရှင်က ပေးပို့လာတဲ့ စာရင်းကို စာရင်းပြုစုထားတာဖြစ်ပါတယ် ” ဟု လှည်းကူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးစိုးလွင် ကပြောသည်။

ယင်းဆန္ဒထုတ်ဖော်သွားသည့်အပေါ် ငြိမ်းစုစီ စည်းကူးသတ်မှတ်ချက်နှင့်အညီ ခွင့်ပြုချက်တောင်ခံခဲ့ခြင်းရှိ/ မရှိ လှည်းကူမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရာ –

” ကျွန်တော်တို့ဆီတော့ သူတို့ဆန္ဒထုတ်ဖော်မယ်ဆိုတာ လာရောက်ဆက်သွယ်တင်ပြထားတာ မရှိပါဘူး ” ဟု လှည်းကူးမြို့နယ်အထွေ
ထွေ အုပ်ချုပ်ရေးဦးစီးဌာန မြီု့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က ပြောသည်။

မင်းထွဏ်း


Spread the love
  •  
  •  
  •  
  •  
  •  
  •