လှိုင်သာယာတွင် ကျန်းမားရေးစစ်တမ်းကောက်ယူနေမှုကို ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း သွားရောက်ကြည့်ရှု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းဟာ အစိုးရအဖွဲ့ဝင်များနဲ့အတူ ဒီကနေ့ မနက် ၉ နာရီခွဲက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်းရှိပြည်သူများနှင့် ချန်းရိဖိနပ်စက်ရုံ ဝန်ထမ်းများအား ကျန်းမာရေးစစ်တမ်း ကောက်ယူနေမှုကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဝန်ကြီးချုပ်နှင့်အဖွဲ့ဟာ လှိုင်သာယာမြို့နယ်၊ ၁၀ ရပ်ကွက်တွင် ကျန်းမာရေးစစ်ဆေးပေးခြင်းနဲ့စစ်တမ်းကောက်ယူနေသည်ကို သွားရောက် ကြည့်ရှုပြီး Covid-19 ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စနစ်တကျဆောင်ရွက်ရန် ဝန်ကြီးချုပ်က တာဝန်ရှိသူများအား မှာကြားသည်။

         

ဆက်လက်ပြီး ဝန်ကြီးချုပ်ဟာ ချန်းရိဖိနပ်စက်ရုံသို့ သွားရောက်ကာ ကျန်းမာရေးဝန်ထမ်းများနှင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များက စက်ရုံဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးနေမှုကို ကြည့်ရှုအားပေးခဲ့ပါတယ်။

အဲဒီနောက် ဝန်ကြီးချုပ်သည် စက်ရုံတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Covid-19 ရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် မှာကြား
ပါတယ်။

                   

ကျန်းမာရေးစစ်တမ်း ကောက်ယူမှုအစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနက ကြီးကြပ်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်းအင်အား ၉၀၀ ကျော်ဖြင့် ပူးပေါင်းဆောက်ရွက်ခဲ့တာပါ။

အဆိုပါ အင်အား ၉၀၀ ကျော်အား အဖွဲ့များခွဲ၍ တစ်အိမ်တက်ဆင်း ကိုယ်အပူချိန်တိုင်းကာ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ မောပန်းခြင်း၊ အသက်ရှူရခက်ခြင်း၊ လည်ချောင်းနာခြင်း၊ အနံ့အရသာပျောက်ခြင်း၊ ခေါင်းကိုက်ခြင်း ရှိ၊မရှိ စသည့်ကျန်းမာရေးဆိုင်ရာ မေးခွန်းများကို မေးမြန်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။

ဒီကနေ့ ကျန်းမာရေးစစ်တမ်းကောက်ယူရာတွင် လှိုင်သာယာမြို့နယ်ရှိ အမှတ်(၆)ရပ်ကွက်၊ (၁၀)ရပ်ကွက်၊ ချန်းရီ ဖိနပ်စက်ရုံ၊ YJ အထည်ချုပ်စက်ရုံ၊ ညောင်ရွာဒိုင်စု၊ အတွင်းပဒံကျေးရွာ၊ အပြင်ပဒံကျေးရွာ၊ ကုလားကြီးစုကျေးရွာများမှ ပြည်သူပေါင်း တစ်သိန်း၊လေးသောင်း ကျော်အား ကျန်းမာရေးစစ်ဆေးပြီး စစ်တမ်းကောက်ယူနိုင်ခဲ့ပါတယ်။

   

YRG Info;

 


Spread the love
  •  
  •  
  •  
  •  
  •  
  •