လှိုင် ၁ရပ်ကွက်၊ ရွာမကျောင်းလမ်းမှာနေထိုင်တဲ့ လူနာအမှတ် ၁၄၉၁ သေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လှိုင် ၁ရပ်ကွက်၊ ရွာမကျောင်းလမ်းနဲ့ အောင်မေတ္တာ၅လမ်း ထောင့်မှာနေထိုင်တဲ့ လူနာအမှတ် ၁၄၉၁ သေဆုံး

လှိုင် ၁ရပ်ကွက် ရွာမကျောင်းလမ်းနဲ့ အောင်မေတ္တာ၅လမ်း ထောင့်မှာနေထိုင်တဲ့ လူနာအမှတ် ၁၄၉၁ ဟာ ဒီကနေ့မနက် ၂:၅၀​ အချိန်မှာ သေဆုံးသွားတယ်လို့သိရပါတယ်။

အသက် (၄၅) နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ အမျိုးသား (Case – 1491) ဟာ  ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်း၊ နှလုံးကြွက်သားရောင်ရမ်းခြင်းကြောင့် (၁၀-၉-၂၀၂၀) ရက်နေ့၊ နံနက် (၂:၅၀) နာရီ အချိန်မှာ သေဆုံးသွားခဲ့တာပါ။

အခုအချိန်ထိ​သေဆုံးသူ ၁၄ ဦးရှိပြီ ဖြစ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •