“ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်မှာ မဲရုံ ၄၃ ရုံထားရှိမည်ဖြစ်ပြီးပါတီ ၆ ခု ဝင်ရောက်ယှဥ်ပြိုင်မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်မှာမဲရုံ ၄၃ ရုံထားရှိမည်ဖြစ်ပြီးပါတီ ၆ ခု ဝင်ရောက်ယှဥ်ပြိုင်မည်

“ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ တွင် ၆-၇-၂၀၂၀ ရက်နေ.နံနက်(၁၀)နာရီအချိန်က မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအစည်းဝေးခန်းမတွင် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ  ဦးစိုင်း
ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အတွင်းရေးမှူး ဦးမျိုးကျော်သူမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်ရန် အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အစည်းဝေးသို့ တက်ရောက်လာသော ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များက အကြံပြုဆွေးနွေးခဲ့ကြသည်။

‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တွင် ‘ဝ’အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းအမျိုးသား ဒီမိုကရက်တစ်ပါတီနှင့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ စုစုပေါင်း(၆) ပါတီရှိပြီး ဟိုပန်မြို့နယ် မဲဆန္ဒနယ်(၁)တွင် မဲရုံ(၂၂) ရုံနှင့် ပန်လုံမြို့ မဲဆန္ဒနယ်(၂)တွင် မဲရုံ(၂၁)ရုံ စုစုပေါင်း (၄၃)ရုံ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)
ရှမ်းပြည်နယ်


Spread the love
  •  
  •  
  •  
  •  
  •  
  •