ဝန်ကြီးချုပ်နေရာ တာဝန်ထမ်းဆောင်ရန်ဆိုပြီး ရွေးကောက်ပွဲဝင်ခိုင်းသူ မရှိကြောင်း ဒေါက်တာဇော်မြင့်မောင် ပြောကြား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဝန်ကြီးချုပ်နေရာ တာဝန်ထမ်းဆောင်ရန်ဆိုပြီး ယခုရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခိုင်းသူ မရှိကြောင်း ဒေါက်တာဇော်မြင့်မောင် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဝန်ကြီးချုပ်နေရာ တာဝန်ထမ်းဆောင်ရန်ဆိုပြီး ယခုရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခိုင်းသူ မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဒုတိယဥက္ကဋ္ဌ-၂၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့)အပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ကျွန်တော့်ဆန္ဒကတော့ နိုင်ငံရေးသမိုင်း ရှိတဲ့သူ နိုငငံရေးအင်အား ရှိတဲ့သူ နိုင်ငံရေးအရ စဉ်းစားဆုံးဖြတ်နိုင်တဲ့သူ ဖြစ်စေချင်တာပေါ့။ ဒါကို ဝိုင်းပြီးစဉ်းစားဆုံးဖြတ်ကြရမှာပေါ့။ ဝန်ကြီးချုပ်နေရာ တာဝန်ထမ်းဆောင်ရန်ဆိုပြီး ယခုရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခိုင်းသူ တစ်ဦးမှ မရှိပါဘူး။ ၂၀၁၅ တုန်းကတော့ အစ်မက ညွှန်ကြားတာရှိတယ်။ ဘယ်သူတွေ တိုင်းဆင်းပါဆိုပြီး။ အခုတော့ မရှိဘူး။ “ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ပါတီကနေ တာဝန်ပေးမှ လွှတ်တော်ကိုယ်စားလှယ်များနဲ့ အစိုးရအဖွဲ့ဝင်များ ဖြစ်ကြရတာ ဖြစ်ကြောင်း၊ ကျွန်တော်သည်ပင်လျှင် ပါတီက တာဝန်ပေးချက်အရ တာဝန်ထမ်းဆောင်နေခြင်း ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဒုတိယဥက္ကဋ္ဌ-၂၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ယခင်ကတည်းက ပါတီတွေ့ဆုံပွဲများတွင် ပြောကြားထားသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •