ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် စစ်ကိုင်း-မန္တလေး ကမ်းနားလမ်း ရေဆိုးထုတ်မြောင်း ကျိုးပေါက်မှုအခြေအနေ ကွင်းဆင်းစစ်ဆေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် စစ်ကိုင်း-မန္တလေး ကမ်းနားလမ်း ရေဆိုးထုတ်မြောင်း ကျိုးပေါက်မှုအခြေအနေ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ဇူလှိုင် ၂၀ ရက် နံနက် ၇ နာရီအချိန်တွင် မန္တလေးမြို့၊ အမရပူရမြို့နယ် စစ်ကိုင်း-မန္တလေး ကားကမ်းနားလမ်း ဒေါ်အေးကြင်ထမင်းဆိုင်အနီး ရေဆိုးထုတ်မြောင်း ကျိုးပေါက်၍ ဧရာဝတီမြစ်ရေများ ဝင်ရောက်နေမှုအခြေအနေအား ကွင်းဆင်းသွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အင်ဂျင်နီယာများခန့်မှန်းထားချက်အရ ၃ ရက်ခန့်ကြာနိုင်ပြီး ပြိုတာများလျှင် ယခုထက်ပိုကြာနိုင်ကြောင်း၊ ခိုင်မာအောင်ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ပြည်ထောင်စုအစိုးရအဖွဲ့ လူကယ်ပြန်၀န်ကြီးလည်း ဆင်းလာမည်ဖြစ်ပြီး တိုင်းအစိုးရ၊ ပြည်ထောင်စုအစိုးရပူးပေါင်းကာ ယခုပြဿနာအား ဖြေရှင်းမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောပါတယ်။

“လူတွေလည်းဘေးလွတ်ရာကိုရွှေ့ထားတယ်။ လုပ်သင့်လုပ်ထိုက်တာ အကုန်လုပ်ပေးမယ်။ တိုင်းဒေသကြီးကလည်းလုပ်မယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ကလည်းလုပ်မယ်။ သဘာ၀ဘေးအန္တရာယ်ဆိုတာ ရှောင်လွှဲလို့မရဘူး။ ပြည်သူလူအသက်အိုးအိမ်စည်းစိမ်ကာကွယ်ဖို့က အစိုးရရဲ့တာ၀န်ပါ။” ဟု ၀န်ကြီးချုပ်ကပြောပါတယ်။

 

 

 

 

 

#TheMandalayNewsJournal

 


Spread the love
  •  
  •  
  •  
  •  
  •  
  •