ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တာရိုးကျိုးပေါက်မှု ပြန်လည် တည်ဆောက်ပြီးစီးမှု အခြေအနေများ ကွင်းဆင်းစစ်ဆေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တာရိုးကျိုးပေါက်မှုကြောင့် ဧရာဝတီမြစ်ရေဝင်ရောက်မှုအား တားဆီးပိတ်ဆို့နိုင်မှုနှင့် ကမ်းနားလမ်း ပြန်လည် တည်ဆောက်ပြီးစီးမှု အခြေအနေများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့ အမရပူရမြို့နယ် ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး တာရိုးကျိုးပေါက်မှုကြောင့် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုအား တားဆီးပိတ်ဆို့နိုင်မှုနှင့် ကမ်းနားလမ်း ပြန်လည်တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်၍ ကွင်းဆင်းစစ်ဆေးကြသည်။

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများသည် အမရပူရမြို့ ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက မြစ်ရေဝင်ရောက်မှုအား တားဆီးပိတ်ဆို့နိုင်မှုအခြေအနေ၊ ကမ်းနားလမ်း ပြင်ဆင်ပြီးစီးမှု အခြေအနေ၊ မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းနိုင်မည့်အခြေအနေတို့အား သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။

ဇူလိုင် ၁၉ ရက် ညနေပိုင်းတွင် ဧရာဝတီမြစ်ရေစတင်စိမ့်ဝင်ခဲ့ပြီး ရွှေဂဲရေဆိုး ထုတ်စက်ရုံအနီး တာရိုးကျိုးပေါက်မှုနှင့် ကမ်းနားလမ်းပြိုကျမှု ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် Poly Felt များကာ၍ သဲအိတ်ဖိခြင်းလုပ်ငန်းများနှင့် ကျောက်ကြီးများဖြင့် လမ်းတာဖို့ခြင်း လုပ်ငန်းများကို အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီး ကမ်းနားလမ်း ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •