ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှု

[လွတ်လပ်ရေးနေ့အခမ်းအနားကို ဗထူး အားကစားကွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပမည်]

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂ရက် နံနက် ၇ နာရီက ၂ဝ၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပရန်အတွက် ဗထူး အားကစားကွင်း၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုခဲ့သည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗထူးအားကစားကွင်းသို့ ရောက်ရှိလာရာ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရေးဆပ်ကော်မတီတို့မှတာဝန်ရှိသူများက နံနက် ၄ နာရီ မိနစ် ၂ဝ တွင် အလံတင် အခမ်းအနား ကျင်းပပြီးနောက် နိုင်ငံတော်အလံအား အလေးပြုမည့်အစီအစဉ်များ၊ တက်ရောက်လာကြသူများ အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အဝင်၊ အထွက်နေရာများ စီစဉ်ထားမှုနှင့် ထိုင်ခုံများ စနစ်တကျ ခင်းကျင်းထားမှုအခြေအနေများကို လိုက်ပါရှင်းလင်းပြသကြရာ ဝန်ကြီးချုပ်က ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံ ကြည့်ရှုကာ လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များနှင့်အညီ အနှစ်သာရရှိစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအသီးသီးတို့မှ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များ၊ စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက်သွားရေးနှင့် အခြားလိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့သည်။

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် ပြင်ဆင် ဆောင်ရွက်သူများအနေဖြင့်လည်း Surgical Mask၊ မျက်နှာအကာ Face Shield နှင့် လက်အိတ်များကို အခမ်း အနားကျင်းပစဉ်ကာလတစ်လျှောက်လုံး ဝတ်ဆင်အသုံးပြုရန်နှင့် အခမ်းအနားဆောင်ရွက်ပြီးစီးပါက စနစ် တကျ စွန့်ပစ်ရမည်ဖြစ်ကြောင်း၊ ဝင်ပေါက်နေရာများတွင် Thermal Imaging Camera၊ Non-Contact Thermometerများဖြင့် အပူချိန်တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် လူစုလူဝေးမဖြစ်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း စည်းကမ်းတကျ လိုက်နာဆောင်ရွက်သွား ကြရမည်ဖြစ်သည်။

MRG
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •