ဝန်ထမ်း တစ်ဦးတွင် ကိုဗစ် ပိုးတွေ့သဖြင့် မန္တလေးမြို့ မြန်မာ့စီးပွားရေးဘဏ် (၂) ခေတ္တပိတ်ထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးမြို့ မြန်မာ့စီးပွားရေးဘဏ် (၂) ခေတ္တပိတ်ထား

မန္တလေးမြို့၊ အောင်မေသာစံမြို့နယ်၊ ၂၄×၈၃လမ်းထောင့်ရှိ မြန်မာ့စီးပွားရေးဘဏ်(၂)ကို ရက်သတ္တ တစ်ပတ်ကြာ ခတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဘဏ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း တစ်ဦးတွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး မြိုနယ် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်အရ ဘဏ်အဆောက်အဦကို ပိုးသတ်ဆေးဖျန်းခြင်းနှင့် လိုအပ်သည့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ၁၀.၁၂.၂၀၂၀ မှ ၁၆.၁၂.၂၀၂၀ ရက်နေ့အထိ ဘဏ်လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကာ ရောဂါပိုးတွေ့ရှိသူနှင့် ထိစပ်ခဲ့သူများကိုလည်း သက်ဆိုင်ရာ Quaritine Center များသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

( Photo : Saw The Zar )
( Ah Lin Nge )
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •