“ဝါရှင်တန်မှာ ကျန်းမာရေးဝန်ထမ်းများ Pfizerကာကွယ်​ဆေးထိုးနှံမှုစတင်ခံယူ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

“ဝါရှင်တန်မှာ ကျန်းမာရေးဝန်ထမ်းများ Pfizerကာကွယ်​ဆေးထိုးနှံမှုစတင်ခံယူ”

December 15,2020
(By Lola Fadulu)

ဂျော့ဝါရှင်တန်တက္ကသိုလ်က ကျန်းမာရေးစောင့်ရှောက်သူ အလုပ်သမား ၅ဦးဟာတနင်္လာနေ့မွန်းလွဲပိုင်းမှာ Pfizerကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးကို ပဌမဆုံးစတင်အထိုးခံခဲ့ကြပါတယ်။
ကျန်းမာရေးဝန်ထမ်းအုပ်စုထဲမှာ အရေးပေါ်ဆေးဝါးသူနာပြုများ၊မေ့ဆေးဆရာဝန်တဦး နဲ့ မီးယပ် နဲ့ သားဖွား
သူနာပြုများပါဝင်ကြပါတယ်။မီးယပ် နဲ့
သားဖွားသူနာပြုတဦးဖြစ်တဲ့ ရှိုင်းလီစတီးဝါ့ဒ်
ဟါ တနင်္လာနေ့မှာ ကာကွယ်ဆေးစတင်အထိုးခံခဲ့ပါတယ်။သူဟာ
အစကနဦးမှာကာကွယ်ဆေးအထိုးခံဖို့ ချီတုံချတုံဖြစ်နေပါသေးတယ်လို့ဆိုပါတယ်။
သူမကဘေးထွက်ဆိုးကျိုးတွေခံစားရမှာကို
ကြောက်ရွံ့စိုးရိမ်နေခဲ့ပါတယ်။
“ကျွန်မကပညာမတတ်တာကြောင့် ချီတုံချတုံဖြစ်နေခဲ့တာပါ။”လို့ စတီးဝါ့ဒ် ကပြောပါတယ်။

“အဲ့ဒီနေါက်တော့ ကျွန်မ ကိုယ်တိုင် သုတေသနလုပ်ပြီးကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြောဆိုဆွေးနွေးခဲ့တယ်။ လေ့လာထားတာတွေအများကြီးကို ဖတ်ရှုနေခဲ့ပါတယ်။စိတ်ချရတဲ့ရင်းမြစ်တွေက လေ့လာထားသမျှ
တွေကို ကျွန်မဖတ်ရှုခဲ့တာပါ။ကျွန်မ ကိုကျွန်မ
ပညာပြည့်ဝအောင်လုပ်လိုက်နိုင်တာနဲ့
တပြိုင်နက် ကျွန်မမှာဘာသံသယမှ မရှိတော့
ပါဘူး။”
လူ နဲ့ ကျန်းမာရေးဝန်ဆောင်မှု အတွင်းရေးမှူး အဲလက် အက်ဇာ နဲ့ ပြည်သူ့ကျန်းမာရေးမှူးချုပ်ဆရာဝန် ဂျာရုမ်း
အမ် အာဒမ်(စ်) တို့ဟာ ကိုဗစ်ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးတဲ့အမျိုးသားရေးအခမ်းအနားတရပ်အနေနဲ့
ကာကွယ်ဆေးအထိုးခံခဲ့ကြတဲ့ ကျန်းမာရေး
ဝန်ထမ်းတွေရဲ့ရှေ့မှောက်မှာ စကားပြောဆို
ခဲ့ကြပါတယ်။
အာဒမ်(စ်)က ကာကွယ်ဆေးထိုနှံပေးတာဟာအရေးပါတဲ့ပဌမဆုံးခြေလှမ်းဖြစ်ပေမဲ့ အသွေးအရောင်ကွဲပြားခြားနားတဲ့ လူမှုအဖွဲ့အစည်းတွေမှာ ကာကွယ်ဆေးအထိုး
ခံဖို့ချီတုံချတုံ ဖြစ်နေကြတာကို ဖျောက်ဖျက်ပေးဖို့ နောက်ထပ်လုပ်စရာတွေ
အများကြီးကျန်သေးတယ်လို့ပြောခဲ့ပါတယ်။
“ကျွန်တော်တို့ဟာ ကာကွယ်ဆေးဖန်တီးထုတ်လုပ်နေရတဲ့အခြေအနေကနေ ကာကွယ်ဆေး ထိုးနှံပေးနိုင်တဲ့ အခြေအနေကို ကူးပြောင်းရောက်ရှိလာခဲ့ပြီ။ဒီကာကွယ်ဆေးကနေ အကျိုးကျေးဇူးရရှိ ခံစားကြရနိုင်တဲ့သူတွေဟာ ကာကွယ်ဆေး မထိုးကြဘူးဆိုရင် ကွာဟချက်တွေဟာပိုပြီး ဆိုးဝါးလာလိမ့်မယ်။”လို့ အာဒမ်(စ်)ကပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေက ညနေ၃နာရီ
မတိုင်ခင်မှာ ကာကွယ်ဆေးစတင် အထိုးခံခဲ့ကြပါတယ်။သူတို့ရဲ့ မွေးနေ့ကို အပြာရောင်ဖိုင်တွဲတခုထဲကစာရွက်တရွက်ပေါ်မှာစာရင်းသွင်းမှတ်သားပါတယ်။ကာကွယ်
ဆေး နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို
သိရှိပြီးဖြစ်တယ်လို့ အတည်ပြုကြပါတယ်။
ကာကွယ်ဆေးအထိုးခံမဲ့လက်ကိုရွေးချယ်မှတ်သားပြီး၊အသက်ပြင်းပြင်းရှူသွင်းပြီးတော့
ကာကွယ်ဆေးကိုအထိုးခံကြရပါတယ်။
စောင့်ဆိုင်းနေတဲ့သတင်းမီဒီယာသမား တွေနဲ့တွေ့ဖို့ ဆေးရုံက ထွက်မသွားသေးခင်မှာ
ဆေးထိုးခံရသူတွေ ဟာ ၁၅မိနစ်လောက်
စောင့်ကြည့်တာကိုခံကြရပါတယ်။
ဒီဆေးရုံဟာ သင်္ဘောနဲ့တင်ပို့လိုက်တဲ့
ကာကွယ်ဆေးအလုံးရေ ၉၇၅ လုံးကို တနင်္လာ
နေ့မနက်ပိုင်းမှာ လက်ခံရရှိခဲ့ပါတယ်။ဝါရှင်တန် စိတ်ရောဂါဆိုင်ရာတက္ကသိုလ် အတွက် ကာကွယ်ဆေးအလုံး၅၀ ကိုသိမ်းဆည်းထားပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •