ဝါးခယ်မမြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ကို ဗဟိုက ဖျက်သိမ်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဝါးခယ်မမြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ကို ဗဟိုက ဖျက်သိမ်း

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင်များအား စည်းကမ်းထိန်းသိမ်းရေး အရ တာဝန်များမှ ရပ်စဲကာ အသစ်ပြန်လည်ဖွဲ့စည်းမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ ကဆုံးဖြတ်လိုက်တာပါ။

 

NLD ဗဟိုအနေဖြင့် လက်ရှိ ဝါးခယ်မမြို့နယ် အလုပ်အမှုဆောင်အဖွဲ့အား ဖျက်သိမ်းလိုက်ပြီး မြို့နယ် အတွင်းရေးမှူး ကိုလည်း ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခဲ့ရာ အကြောင်းပြချက်မရှိဘဲ ထုတ်ပယ်ခံရခြင်းဖြစ် ကြောင်း ကာယကံရှင်များက ပြောကြားပါတယ်။

ဝါးခယ်မမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌက ပညာရေးကွန်ရက်ကနေပြီးတော့ ကျောင်းသားတွေကို ထောက်ပံ့တဲ့ ငွေကြေးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ တိုင်ကြားမှုရှိပါတယ်၊ အဲဒီလိုတိုင်ကြားမှုကို ဧရာဝတီတိုင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စစ်ဆေးတယ်။ စစ်ဆေးတော့ ငွေကြေးကို ပေးရမယ့်အချိန်မှာ မပေးဘဲ ထိန်းသိမ်း ထားတာကို တွေ့ရှိတယ်ဆိုပြီး သူတို့က ပြောပါတယ်။

 

ဒီအတွက် အရေးယူသင့်ပါတယ်ဆိုပြီးတော့ သုံးသပ် တင်ပြထားပါတယ်။ အဲဒီသုံးသပ်တင်ပြချက်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ ဆက်လက်ပြီးတော့ စဉ်းစားဆွေးနွေးတဲ့အခါမှာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ အစီအရင်ခံစာကိုအတည်ပြုပြီးတော့ အဲဒီမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌကို အရေးယူလိုက်တယ်။

အဲဒီလိုအရေးယူလိုက်တာကို ဝါးခယ်မမြို့နယ်အလုပ်အမှုဆောင်အဖွဲ့က အစည်းအဝေးခေါ်ယူပြီးတော့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ စည်းကမ်းထိန်းသိမ်းရေးဆုံးဖြတ်ချက်ကို လက်မခံနိုင်ကြောင်းဆိုပြီးတော့ စာပြန်လာတယ်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မြို့နယ်အလုပ်အမှုဆောင် အဖွဲ့တခုက အခုလို လက်မခံနိုင်ကြောင်း ဆုံးဖြတ်တာဟာ ပါတီတွင်း အဆင့်ဆင့် တာဝန်ယူမှု တာဝန်ခံမှုကို ပျက်စီးစေတဲ့အတွက် လောလော ဆယ်မှာ ကျနော်တို့ ဝါးခယ်မမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ကို တာဝန်ကနေ ရပ်ဆိုင်းလိုက်တယ်၊ ဖျက်သိမ်းလိုက်တယ် လို့ ပါတီ စည်းကမ်းထိန်းသိမ်းရေးတာဝန်ရှိသူ ဒေါက်တာမျိုးညွန့်က သတင်းမီဒီယာတွေကိုပြောကြားထားပါတယ်။

 

ဝါးခယ်မမြို့နယ်အလုပ်အမှုဆောင်အဖွဲ့မှာ ယခင်က ဥက္ကဋ္ဌအပါအဝင် ကော်မတီဝင် ၂၇ ဦး ရှိပြီး ဥက္ကဌနှင့် အတွင်းရေးမှူးဖြစ်သူမှာ အစောပိုင်းကတည်းက ပါတီတာဝန်မှရပ်နားခြင်းနှင့် ပါတီမှထုတ်ပယ်ခြင်းတို့ ပြုလုပ်ခဲ့ပြီး ဇူလိုင် ၁၂ရက် မှာ ကျန်အလုပ်အမှုဆောင်အဖွဲ့ဝင်တွေကိုပါ ပါတီတာဝန်မှ ရပ်နားလိုက်တာ ဖြစ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •