ဝူဟန်က ရွှေချောင်းအရှုပ်တော်ပုံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

🇨🇳 #ဝူဟန်ကရွှေချောင်းအရှုပ်တော်ပုံ။

ဝူဟန့်မြို့က Kingold Jewelry လုပ်ငန်းကြီးဟာ တရုတ်ပြည်ရဲ့ အကြီးဆုံး ရတနာလုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။

ရွှေချောင်းတန်ချိန်ပေါင်း 83 တန်ကို #အတုပြုလုပ်ပြီးအပေါင်အဖြစ်တင်ကာ ဒေါ်လာဘီလီယံပေါင်း 2.83 ဘီလီယံဖိုးအထိ ငွေချေးသူတွေဆီက လိမ်လည်ချေးငွေအဖြစ်ရယူခဲ့တယ်လို့ Caixin က ကြေညာခဲ့ပါတယ်။

အခုတရုတ်ဘဏ်တွေ စီးပွားရေးလုပ်ငန်းစုတွေအကြား ဒီအကြီးမားဆုံးလိမ်လည်မှုကိစ္စဟာ ပွက်လောရိုက်သွားခဲ့ပါတယ်။

စုစုပေါင်း ငွေချေးလုပ်ငန်း 13 ခုကနေ ငွေချေးခဲ့တာဖြစ်ပြီး အကြီးဆုံးချေးဌားပေးခဲ့သူကတော့ Minsheng Trust က ဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေစျေးတက်လာခဲ့တဲ့အတွက် အခုဒီရွှေတန်ဖိုးဟာ ဒေါ်လာဘီလီယံပေါင်း 4.75 ဘီလီယံဖိုးလောက် ရှိမယ်လို့ ဆိုကြပါတယ်။

တရုတ်ပြည် ဟူဘေးပြည်နယ် ဝူဟန်မြို့ရှိ
Kingold Jewelry လုပ်ငန်းကြီးဟာ ဒီလိမ်လည်မှုကို ငြင်းဆိုထားပေမယ့် ဖုန်းရော အီးလ်မေးနဲ့ ပါမေးမြန်းမှုကို ပြန်မဖြေပါဘူး။

တရုတ်ပြည်မှာ ငွေချေးရင် ရွှေချောင်းကို collateral အပေါင်ပစ္စည်းအဖြစ်လက်ခံတာရှားပါတယ်။

အိမ်ခြံမြေကို အပေါင်ပစ္စည်းအဖြစ်လက်ခံကြတာများပါတယ်။ ရွှေ၊ငွေ၊ရွှေဖြူတို့ကို ရွှေလုပ်ငန်းရှင်အချင်းချင်း လက်ခံကြပါတယ်။

👉 အခုဖြစ်တဲ့ကိစ္စက အစိုးရစစ်ဆေးသူတွေနဲ့ ရွှေသန့်စင်လုပ်ငန်းတွေရဲ့ လက်မှတ်တံဆိပ်တုံးတွေ ပါရဲ့သားနဲ့ ဖြစ်သွားခဲ့တာပါ။

အလားတူလိမ်လည်မှုမျိုးဟာ တရုတ်ပြည်မှာ 2014 ခုနှစ်မှာ ဖြစ်ပွားခဲ့ပြီး ကြေးနဲ့အလူမီနီယံသတ္တုကို ဂိုထောင်မှာ အရှိစာရင်းပြပြီး လိမ်လည်မှုပါ။

အဲ့ဒီလိမ်လည်မှုကနေ ဒေါ်လာ 3 ဘီလီယံဖိုးအထိ ဘဏ်အတော်များများဆုံးရှုံးခဲ့ပါတယ်။

ထိတဲ့ဘဏ်တွေကတော့ citigroup, Stabdard Chartered စတဲ့ ဘဏ်တွေဖြစ်ပါတယ်။

Steel စတီးသတ္တုကို ဂိုထောင်တစ်လုံးမှာပြကာ ကျန်ဂိုထောင်တွေဆီပါ ပစ္စည်းရွှေ့ပြီး ပစ္စည်းစာရင်းပြကာ လိမ်လည်မှုတွေလည်း ရှိခဲ့ဖူးပါတယ်။

အခုလိုလိမ်လည်မှုရှိခဲ့လို့ Jiangsu Shente Steel Group ရဲ့ ငွေကြေးဌာနတာဝန်ခံ Gu Shiying ကို ထောင် 3 နှစ်ခွဲချပြီး ယွမ်ငွေ 1 သိန်း ဒဏ်ရိုက်ဖူးပါတယ်။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
7-July-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •