“ဝူဟန်မြို့အနီး ဓာတုစက်ရုံပေါက်ကွဲမှုမှာ အနည်းဆုံး၅ယောက်သေ၊၁ယောက်ဒါဏ်ရာရ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ဝူဟန်မြို့အနီး ဓာတုစက်ရုံပေါက်ကွဲမှုမှာ
အနည်းဆုံး၅ယောက်သေ၊၁ယောက်ဒါဏ်ရာရ”

September 29,2020

တရုတ်ပြည်အလယ်ပိုင်း ဝူဟန်မြို့အနီးမှာ ရှိတဲ့ ဓာတုပစ္စည်းထုတ်လုပ်တဲ့စက်ရုံတရုံ ပေါက်ကွဲ
မှုဖြစ်ပွါးခဲ့လို့ အနည်းဆုံးလူ၅ယောက်သေဆုံး
သွားခဲ့ပြီး၊လူတယောက်ဒါဏ်ရာရရှိခဲ့တယ်လို့
ဒေသဆိုင်ရာအာဏာပိုင်တွေကပြောပါတယ်။
ဒေသမြို့တော် ဝူဟန်ရဲ့အနောက်ဘက်
တရုတ်ပြည်အလယ်ပိုင်းတီအန်မင်မြို့တော်က
စက်မှုဇုံတခုမှာဒေသစံတော်ချိန် နေ့လည် ၂နာရီ၁၅မိနစ်တွင် ပေါက်ကွဲမှုတခုဖြစ်ပွါးခဲ့ပါတယ်။

ကုန်ထုတ်လုပ်မှုလုပ်ငန်းရဲ့
ပစ္စည်းရိယာများစမ်းသပ်တပ်ဆင်နေတုန်းမှာ
ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။
ဒါဏ်ရာရရှိသွားတဲ့ဒေသခံတယောက်ကို
ဆေးကုသဖို့ ဆေးရုံကိုခေါ်ဆောင်သွားခဲ့ပြီး၊
ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက်
ကြိုးပမ်းဆောင်ရွက်နေကြတယ်လို့ အစိုးရရဲ့
သတိပေးထုတ်ပြန်ချက်မှာ
ပြောဆိုထားပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •