ဝူဟန်မှာ COVID-19 Test စပြီးစစ်နေပုံသိရသမျှ။

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဝူဟန်မှာ တမြို့လုံး လူပေါင်း 11 သန်းကနေ 14 သန်းကျော် အထိမှန်းထားပြီး nucleic Test ကို စလုပ်နေပါပြီ။

♦️ အဓိက Key group 12 ခုခွဲပါတယ်။

▪️confirmed လက္ခဏာပြပြီး လုံးဝရောဂါရှိနေသူ။

▪️asymptomatic ရောဂါရှိနေနိုင်ပြီး လက္ခဏာမပြသူ။

▪️အပေါ်ကလူတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူ (closed contact)

▪️အဖျားရှိသူ

▪️ကျောင်းနဲ့ဆိုင်သူ

▪️ကျန်းမာရေးဝန်ထမ်း

▪️ပို့ဆောင်ရေးဝန်ထမ်း

▪️ဘဏ်ဝန်ထမ်း

▪️စူပါမားကက်ဝန်ထမ်း

▪️အစိုးရရုံးဝန်ထမ်း

▪️ပြည်ပကနေပြန်ရောက်လာသူ

▪️ဝူဟန်မြို့ကနေထွက်ခွာဖို့ရှိသူ

စုစုပေါင်း 12 ခု အပေါ်ကလို ဖွဲ့ပါတယ်။

 အပေါ်က 12 ဖွဲ့အတိုင်း မြို့လူအကုန် ရာနှုန်းပြည့်စစ်ပါမယ်တဲ့။

အဲ့ဒီမှာ တရုတ်ပြည်ရဲ့ asymtomatic case သတ်မှတ်ပုံက – Test စစ်တော့ positive ဖြစ်သူ ဒါပေမယ့် ရောဂါလက္ခဏာလုံးဝမပြသူ ကိုသတ်မှတ်ပါတယ်။

#အဲ့ဒီလူတွေကအကြောက်ရဆုံးပါ

♦️ သူတို့က ကိုယ့်ဟာကိုယ်ရောဂါမရှိဘူးထင်ပြီး လူတွေထဲသွားလာရင်း ရောဂါကို အတိုင်းအဆမရှိပြန့်နှံ့သွားစေနိုင်ပါတယ်။

#ဝူဟန်မြို့အနေအထားကဘယ်လိုလဲ⁉️

ဝူဟန့်မှာ ဒိစတြိတ် 13 ခုရှိပါတယ်။ 8500 sq km ကျယ်ပါတယ်။

ဧပြီလ 23 ရက်နေ့ စာရင်းအရ…

▪️nucleric Test စစ်ပေးနိုင်တဲ့ ဓာတ်ခွဲခန်းနေရာ 53 ခုရှိပါတယ်။

▪️nucleric Test စစ်နိုင်တဲ့ နေရာ 211 ခုရှိပါတယ်။ (swab ယူနိုင်တဲ့နေရာကို ပြောတာလား မရှင်းပါ)

အဲ့ဒီမှာ Wuchang နဲ့ Hankou ဒိစတြိတ်တွေက အရေးအကြီးဆုံးပါ။ ပုံထဲမှာကြည့်ပါ။

▪️ရောဂါစဖြစ်တယ်လို့ နာမည်ကြီးတဲ့ seafood market က Hankou မှာရှိပါတယ်။

▪️လူတွေစွပ်စွဲနေတဲ့ နာမည်ကြီးဝူဟန်ဓာတ်ခွဲခန်းက Wuchang မှာ ရှိပါတယ်။

#ဘယ်လိုစစ်မှာလဲ⁉️

♦️ nucleic acid Test ရော serum antibody Test ပါလုပ်မှာတဲ့။

သဘောက ဗိုင်းရပ်စ်ပိုးရှိမရှိ စစ်ဆေးသလို ရောဂါဖြစ်ပြီးလို့ ကိုယ်ခံအားရနေသူတွေ ဘယ်လောက်ရှိနေသလဲ တခါတည်း စစ်တမ်းကောက်ခြင်းပါ။

အဲ့ဒီ serum antibody test ကနေ လူဘယ်လောက်အထိတကယ် ကူးစက်ခဲ့သလဲ ဆိုတာရယ်၊ လူဘယ်နှစ်ယောက်က လုပ်ငန်းခွင်ဝင်ပေးလို့ ရနိုင်သလဲကို သိနိုင်ပါလိမ့်မယ်။

အခုစစ်မှာက အစိုးရကပေးမှာလား⁉️ ပြည်သူတွေကပေးရမှာလား⁉️ မသိသေးပါ။

အခု ဟူဘေးအာဏာပိုင်တွေသတ်မှတ်တဲ့ ပေါက်စျေးကတော့…

▪️nucleric acid Test က မြန်မာငွေ 35000 ကျော်ကျမယ်။

▪️IgM/IgG antibody Test က မြန်မာငွေ 10000 လောက်ကျမယ်။

အရင်အစိုးရရဲ့ စာရင်းတွေအရ ဝူဟန်မှာ case ပေါင်း 50339 ရှိခဲ့ပြီးတော့ လူ 3800 ကျော်လောက်သေဆုံးခဲ့ပါတယ်တဲ့။

♦️ 10 ရက်အတွင်း ဘယ်လိုရအောင် စစ်မလဲဆိုတာရယ် ဘယ်လိုအဖြေထွက်လာမလဲဆိုတာ ကျနော်တို့တင်သာမက တကမ္ဘာလုံးက စိတ်ဝင်စားနေကြမယ်မဟုတ်လား။

Stay tune to Richard Myo Thant! 😉

Richard Myo Thant (Facebook page)
13-May-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •