ဝေးလံခေါင်ပါးဒေသများရှိ တိုက်နယ်ဆေးရုံများတွင် တပ်မတော်မှ ပါရဂူများနှင့် ဆေးမှူးများ သွာရောက်တာဝန်ထမ်းဆောင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဝေးလံခေါင်ပါးသောဒေသများရှိ တိုက်နယ်ဆေးရုံများတွင် သွားရောက်တာဝန်ထမ်းဆောင်ရန်အတွက် တတိယအကြိမ် တပ်မတော်မှ ပါရဂူများနှင့် ဆေးမှူးများ နေပြည်တော်မှထွက်ခွာ
==============================
နေပြည်တော် ဩဂုတ် – ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏လမ်းညွှန်မှုဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွင်း ဝေးလံခေါင်ပါး၍ လမ်းပန်း ဆက်သွယ်ရေးခက်ခဲသောဒေသရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေးမြှင့်တင်ပေးရေးအတွက် ဆရာဝန်လိုအပ်ချက်ရှိသော ဆေးရုံများတွင် တာဝန်ထမ်းဆောင်ရန် တတိယအကြိမ်အဖြစ် တပ်မတော်မှ ပါရဂူများနှင့် ဆေးမှူးများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ ထွက်ခွာကြသည်။

ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိဆေးရုံများတွင် တာဝန်ထမ်းဆောင်ရန်အတွက် ၂၀၁၆ ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၁၈ ခုနှစ်တွင် ဒုတိယအကြိမ်နှင့် ယခု တတိယအကြိမ်အဖြစ် တပ်မတော်သားဆရာဝန် ၄၄ ဦးစီဖြင့် သွားရောက်လဲလှယ် တာဝန်ထမ်းဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။ http://dsinfo.org/node/279


Spread the love
  •  
  •  
  •  
  •  
  •  
  •