ဝ- အဖွဲ့က Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးတွင် အသုံးပြုရန် သိန်း(၂၀၀၀)လှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဝ- အထူးဒေသ(၂) က ငြိမ်းချမ်းရေးကော်မရှင်သို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ၂၀-၁၀-၂၀၂၀ရက်နေ့(ယနေ့)နံနက်၀၉၀၀နာရီအချိန်တွင် ရွှေလီလမ်း၊ ကမာရွတ်မြို့နယ်ရှိ အမျိုးသားပြန်လည် သင့် မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC-ရန်ကုန်) တွင်ကျင်းပပြုလုပ်ခဲ့ရာ ဝ- အထူးဒေသ(၂) ကိုယ် စားလှယ်ဦးအိုက်စံရွှေက Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေး တွင် အသုံးပြုရန်အတွက် လှူဒါန်းငွေကျပ်သိန်း(၂၀၀၀)ကိုပေးအပ်လှူဒါန်းပြီးငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း က လက်ခံရယူခဲ့ပါသည်။

ယင်းအခမ်းအနားတွင် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဝ-အထူးဒေသ(၂)ကိုယ်စားလှယ်ဦးအိုက်စံရွှေကအလှူငွေပေးအပ် လှူဒါန်း ခြင်းနှင့်စပ်လျဉ်း၍ပြောကြားခဲ့ပါသည်၊၎င်းနောက်ငြိမ်းချမ်းရေး ကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ် ချုပ် ကြီးခင်ဇော်ဦး(အငြိမ်းစား)ကကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ ပါ သည်၊
ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ မှ ယနေ့အထိ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးတွင်အသုံးပြုရန်အတွက် ကရင်ပြည်နယ် (မြဝတီဆေးရုံ)၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ရခိုင်ပြည်နယ်၊ရန်ကုန်ပြည်သူ့ဆေးရုံကြီး(ICU)ဌာန၊နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀)၊ရန်ကုန်မြို့အတွင်းရှိ Covid-19 ရောဂါအရေးပေါ်လူမှု ကယ်ဆယ်ရေး သူနာတင်စခန်း (၁၈)ခုမှ Volunteer အဖွဲ့များ ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်းရှိ Covid-19 ရောဂါကုသရေး စင်တာများ နှင့် Quarantine Center၊များ၊ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၊ သူနာပြုတက္ကသိုလ်၊ ရန်ကုန်ရှိCovid-19 သံသယလူနာ များစောင့်ကြည့်ဌာန ( YGH PUI Extension) တို့သို့ PPE Level -2 Surgical gowns စုစုပေါင်း ( ၁၄၀၀၀ ) ထည်နှင့် Surgical Mask(နှာခေါင်းစည်း) စုစုပေါင်း (၆၃၀၀၀) ခု နှင့် ငွေသားသိန်း(၅၀) တို့အားလှူဒါန်းခဲ့ပြီးဖြစ်ရာ စုစုပေါင်း လှူဒါန်းပစ္စည်းခန့်မှန်းတန်ဖိုးနှင့် ငွေသား စုစုပေါင်းမှာကျပ်သိန်း(၁၉၀၀) ခန့်ရှိပြီးနှင့် လိုအပ်သည့်နေရာများအား ဆက်လက်လှူဒါန်းသွားမည် ဖြစ် ပါသည်။
ဝ-အထူးဒေသ(၂)အနေဖြင့် ၂၀၁၈ခုနှစ် သြဂုတ်လအတွင်း ရေဘေးကယ်ဆယ်ရေးအတွက် ငြိမ်းချမ်း ရေးကော်မရှင်သို့ အလှူငွေကျပ် သိန်း(၄၄၀၀)လှူဒါန်းပေးခဲ့ပြီး ယခု Covid-19 ရောဂါကာ ကွယ် ထိန်း ချုပ်ရေးနှင့်ကုသရေးအတွက် အလှူငွေကျပ်သိန်း(၂၀၀၀) ထပ်မံလှူဒါန်းခြင်းဖြစ်ပါ သည်။

Credit – Khin Zaw Oo

 


Spread the love
  •  
  •  
  •  
  •  
  •  
  •