သင်္ဃန်းကျွန်းမြို့နယ်တွင် လည်လှီးခံထားရ သော လူသေအလောင်း ၂ လောင်းတွေ့ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

သင်္ဃန်းကျွန်း ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်၊ ငမိုးရိပ် (၆) လမ်း၊ အပိုင်း(၃)၊ အမှတ်(၄၀၅) ပထမထပ်တွင် ယနေ့ နေ့လယ် ၃ နာရီက လူသေဆုံးမှု ဖြစ်ပွားကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သက်သေများနှင့်အတူ နေအိမ်အခန်းအား ဝင်ရောက်စစ်ဆေးရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာများဖြင့် သေဆုံး လျက်ရှိသည်ကို တွေ့ရှိရကြောင်း  သတင်းရရှိသည်။

သေဆုံးသူ မောင်နိုင်လင်းမောင်၊ အသက် ၃၂ နှစ်မှာ လည်ပင်းပြတ်ရှဒဏ်ရာ (၁) ချက်၊ ဝဲဘက် လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ (၄) ချက်နှင့် သေဆုံးသူ မစန္ဒာထွေး၊ အသက် (၂၄) နှစ်မှာ လည်ပင်းပြတ်ရှဒဏ်ရာ (၁) ချက်ရရှိကာ သေဆုံးလျက်ရှိကြောင်း၊  သေဆုံးသူ (၂) ဦးမှာ အခင်းဖြစ် တိုက်ခန်းတွင် အတူနေထိုင်သူများဖြစ်‌ကြောင်း၊ အဆိုပါအမှုအား မြို့နယ်ရဲတပ်ဖွဲ့မှ အမှုဖွင့်အရေးယူ စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲနီထွန်းထံမှ သိရသည်။

ကျော်တင့်ထွန်း(ပြန်/ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •