သစ်တောပြုန်းတီးနေတဲ့ နေရာတွေမှာ ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများကြဲချ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

သစ်တောပြုန်းတီးနေတဲ့ နေရာတွေမှာ ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများကြဲချ

ရှမ်းပြည်နယ်၊ အင်းလေးကန်ရေဝေရေလဲဒေသအတွင်းရှိ တောင် ကတုံးများနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေသတ္တုတူးဖော်ခြင်းကြောင့် သစ်တောပြုန်းတီးနေ သော နေရာ(၉)နေရာတို့တွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများယနေ့ ကြဲချခဲ့တာပါ။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီး ဌာနတို့၏ ညှိနှိုင်းစီစဉ်မှုဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ် အင်းလေးအရှေ့ကြိုးဝိုင်းနှင့် အင်းလေးအနောက် ကြိုးပြင်ကာကွယ်တောတွေမှာပြုလုပ်ခဲ့တာပါ။

ချယ်ရီ၊ ထင်းရှူး၊ ရေသင်းဝင်စတဲ့ ဒေသသစ်မျိုးများအပါအဝင် ဒေသနှင့် ကိုက်ညီသော ကြီးမြန်သစ်မျိုး (၁၃)မျိုးဖြင့် ပြုလုပ်ထား သော သစ်စေ့မြေလုံး (၃)သိန်းကြဲချခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် ကြိုးပြင်တောများအတွင်း ရွှေသတ္တု တူးဖော်ခြင်းကြောင့် သစ်ပင်ပေါက်ရောက်မှုမရှိသော နေရာ(၉)နေရာ ဧရိယာ(၄၈၀)ဧကတွင် ဘောစကိုင်း၊ ရှား၊ ဆူဖြူမျိုးစေ့ပါဝင်သော သစ်စေ့မြေလုံး (၁၀၀,၀၀၀)လုံးအား ရဟတ်ယာဉ်ဖြင့် အသီးသီး ကြဲချခဲ့တယ်လို့ သိရပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ပထမပတ်အထိ သစ်စေ့မြေလုံး (၁,၀၇၀,၀၀၀)လုံးကို လူအင်အား ဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ နေပြည်တော်နှင့် ရှမ်းပြည် နယ်တို့တွင် ဆူးထိုးစိုက်ပျိုးခြင်း ဆောင်ရွက်ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

Source – Forest Department


Spread the love
  •  
  •  
  •  
  •  
  •  
  •