သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနက အစိုးရဌာနများအတွက် Web Hosting Service ဝန်ဆောင်မှုပေးမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ဝန်ဆောင်မှုပေးသွားမည့် Web Hosting Service

*********************************

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနသည် မြန်မာနိုင်ငံ၏ e-Government လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ နိုင်ငံတစ်ဝှမ်းရှိ အစိုးရအဖွဲ့အစည်းများအသီးသီးမှ Website၊ Application၊ Online Service အစရှိသည့် လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် Datacenter များတည်ဆောက်ရန်နှင့် စက်ပစ္စည်းများဝယ်ယူတပ်ဆင်ရန် မလိုအပ်တော့ဘဲ e-Government Datacenter တွင် Hosting လာရောက်ထားရှိနိုင်ရန် အတွက် စီစဉ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

အစိုးရဌာနများသည် ယခုကဲ့သို့ Web Hosting လာရောက်ထားရှိခြင်း အားဖြင့် Website များ လွှင့်တင်ရာ၌သော်လည်းကောင်း ၊ Online Service များ ဝန်ဆောင်မှုပေးရာ၌ သော်လည်းကောင်း အသုံးပြုရန်လိုအပ်သည့် Hardware များ (ဥပမာ – Server, Switch, Firewall နှင့် Network Accessories အစရှိသည့် စက်ပစ္စည်းများ) ကို ဝယ်ယူတပ်ဆင်ရန် မလိုအပ်တော့သည့်အတွက် ရန်ပုံငွေသုံးစွဲမှု လျှော့ချနိုင်ခြင်း၊ အချိန်တိုအတွင်း လျင်မြန်စွာ အသုံးပြုနိုင်ခြင်းနှင့် သတင်းအချက်အလက်များကို လုံခြုံစိတ်ချစွာ သိမ်းဆည်းထားရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည် ဖြစ်ပါသည်။

e-Government လုပ်ငန်းစဉ်များအား အထောက်အကူပြု ပေးနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသောကြောင့် သက်သာသော ဝန်ဆောင်ခ နှုန်းထားများဖြင့်  အစိုးရအဖွဲ့အစည်းများသို့  ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။

Web Hosting စနစ်တွင် ကောက်ခံသွားမည့် ဝန်ဆောင်မှုနှုန်းထားများအား Myanmar National Portal ၏ ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

အသေးစိတ်အချက်အလက်များအား သိရှိလိုပါက သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ၊ e-Government ဌာန ၊ Helpdesk ဖုန်းနံပါတ် ၀၆၇၃၄၂၁၇၇၁ ၊ email: [email protected] သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။

https://www.myanmar.gov.mm/services

#MNP #MyanmarNationalPortal #Portal


Spread the love
  •  
  •  
  •  
  •  
  •  
  •