“သတ်ဖြတ်ခံခဲ့ရတဲ့ဆယ်ကျော်သက်တဦးရဲ့ မိခင် သားရဲ့ရုပ်အလောင်းကိုမြေချသင်္ဂြိုလ် တဲ့အခမ်းအနားမှာသေနတ်နဲ့ပစ်ခတ်ခံရ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“သတ်ဖြတ်ခံခဲ့ရတဲ့ဆယ်ကျော်သက်တဦးရဲ့
မိခင် သားရဲ့ရုပ်အလောင်းကိုမြေချသင်္ဂြိုလ်
တဲ့အခမ်းအနားမှာသေနတ်နဲ့ပစ်ခတ်ခံရ”

December 1, 2020
Cocoa,Fla.(AP)

စနေနေ့မွန်းလွဲပိုင်းက ဒီလအစောပိုင်းမှာ ဖလော်ရီဒါလက်ထောက်ရဲအရာရှိရဲ့ပစ်ခတ်မှုကြောင့်သေဆုံးသွားခဲ့ရတဲ့ဆယ်ကျော်သက်
တဦး ကိုအသုဘချမြေမြှုတ်သင်္ဂြိုလ်တဲ့ အခမ်းအနားမှာစုရုံးနေကြတဲ့လူအုပ်ထဲကို အမည်မသိသေနတ်သမားတဦးကဝင်ရောက်
ပစ်ခတ်ခဲ့တယ် လို့ ရဲအရာရှိတွေက ပြောဆိုကြပါတယ်။
သေဆုံးသူ ဆယ်ကျော်သက်ရဲ့မိခင်ဟာ
သေနတ်ကျည်ဆန်ထိမှန်ပြီး ဒါဏ်ရာရခဲ့တယ်လို့ ‘ဖလော်ရီဒါ တူဒေး’ သတင်းစာက ဖော်ပြခဲ့တယ်။
သေနတ်ပစ်ခတ်မှုဟာ ‘ရေးဗားဗျူးမန်မိုရီယဲ ဂါဒင်း(စ်)’ မှာ အသက်၁၈နှစ်အရွယ် ဆင်ဆရီ ပီးယာ့(စ်)ရဲ့
အသုဘအခမ်းအနားမှာ အရိုအသေပေးဖို့
ဧည့်သည်တွေရောက်ရှိစုရုံးနေကြစဉ်မှာ
ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။ပီးယာ့(စ်) နဲ့
အသက်၁၆နှစ်အရွယ် အိန်ဂျယ်လို ခရွမ်း(စ်)
တို့ဟာ နိုဝင်ဘာလ၁၃ရက်နေ့တုန်းက
ဘရီဗာ့ဒ်ကောင်တီစီရင်စုလက်ထောက်ရဲအရာရှိ ရဲ့ ပစ်ခတ်သတ်ဖြတ်တာကိုခံခဲ့ရပါတယ်။
သင်းအုပ်ဆရာကဆုတောင်း ရွတ်ဆိုပြီး တဲ့နောက် ကွယ်လွန်သူရဲ့သူငယ်ချင်းတွေ၊ချစ်ခင်သူတွေကသူ့ရဲ့ခေါင်းတလားပေါ်ကို
ပန်းတွေတင်ပေးနေတုန်းမှာ သေနတ်သံ
ပေါ်ထွက်လာခဲ့ပါတယ်။ကျယ်လောင်တဲ့
သေနတ်သံပေါ်ထွက်လာပြီးနောက် ကြက်သေ
သေ တိတ်ဆိတ်သွားခဲ့ကြပါတယ်။ အဲ့ဒီ့နောက်
ကွာရှီဒါ ပီးယာ့(စ်)ဟာ သူမကို သေနတ်ထိမှန်သွားပြီလို့ကျယ်လောင်စွာ
အော်ဟစ်ခဲ့ပါတယ်။ဘာဖြစ်ခဲ့တယ်ဆိုတာ
သတိမပြုမိနိုင်သေးခင် အသုဘပို့ဆောင်သူတွေဟာ အစပဌမမှာ ဘာလုပ်ရမှန်းမသိဖြစ်နေကြတယ်လို့သတင်းစာတွေက ဖော်ပြပါတယ်။ နောက်တော့ သူတို့
ဟာကားတွေဆီကို ပြေးသွားခဲ့ကြပြီး အသုဘ
အခမ်းအနားကနေ အလျှင်အမြန်ထွက်ခွါသွား
ခဲ့ကြပါတယ်။
လူနာတင်ကားမရောက်လာခင်မှာ
သူငယ်ချင်းတွေ၊မိသားစုဝင်တွေက ကွာရှီဒါ
ကို ဗန်ကားငယ်တစီးထဲကို ကူညီပို့ဆောင်ပေးခဲ့ကြပါတယ်။နေရာအနှံ့အပြားက 911ကိုဖုန်းဆက်ခေါ် ခဲ့တာ
ကြောင့်လက်ထောက်ရဲအရာရှိတွေ တအောင့်အကြာမှာ ရိုင်ဖယ်သေနတ်များကိုင်ဆောင်ပြီး ရောက်ရှိ
လာခဲ့ကြပါတယ်။
ကွယ်လွန်သူရဲ့ မိခင်ဖြစ်သူကွာရှီဒါကို အနီးအနားကဆေးရုံတရုံကိုခေါ်ဆောင်သွားပြီး ဒါဏ်ရာပြင်းထန်မှုအခြေအနေကို ချက်ချင်း
မသိခဲ့ရသေးပါဘူး။
စုံထောက်တွေ နဲ့ ရာဇဝတ်မှုခင်းဖြစ်ပွါးရာနေရာကိုစုံစမ်း
စစ်ဆေးသူတွေဟာ စနေနေ့ မွန်းလွဲပိုင်း
တလျှောက်လုံး သင်္ချိုင်းမြေမှာရှိနေခဲ့ကြတယ် လို့ သတင်းတွေမှာဖော်ပြကြပါတယ်။
ဆယ်ကျော်သက်တွေကို
ဂျာဖက် စင်တီယာဂို-မီရန်ဒါက သူတို့တွေဟာ
ကားရပ်မပေးခဲ့တာကြောင့် အချက်ပေါင်း
များစွာသေနတ်နဲ့ပစ်ခတ်ခဲ့ပါတယ်။သူတို့စီးလာတဲ့ကားဟာ ခိုးယူလာတာ ဖြစ်နိုင်တယ်တယ်လို့ ရဲတွေကထင်ခဲ့တယ်လို့
ရဲအရာရှိ ဝိန်း အိုက်ဗေးက ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ဆယ်ကျော်သက်တွေရဲ့ မိသားစု နဲ့
ရှေ့နေဖြစ်သူ နာတာလီဂျက်ဆင်က ကလေးတွေကိုကားအသုံးပြုခွင့်ပေးထားခဲ့တာ
ဖြစ်ပြီး၊ဒီကိစ္စဟာမှားယွင်းဆောင်ရွက်ခဲ့တဲ့ အမှုတခုလို့ ပြောဆိုပါတယ်။
သူတို့ရဲ့သေဆုံးမှုကို နိုင်ငံတဝှမ်းလုံး
စိတ်ဝင်စားခဲ့ကြပြီး ထင်ရှားကျော်ကြားတဲ့
အများပြည်သူ့အခွင့်အရေး အကျိုးဆောင်ကိုယ်စားလှယ်ရှေ့နေ
ဘင်ဂျမင် ကရမ့်(ပ်)က တရားမျှတမှုကိုတောင်းဆိုခြင်းလို့ သူခေါ်ထား
တဲ့အမှုမှာ မိသားစုတွေရဲ့ကိုယ်စား လိုက်ပါ
ဆောင်ရွက်ပေးနေပါတယ်။
အိုက်ဗေးက နိုဝင်ဘာလ၁၃ရက်နေ့က
ဖြစ်ပွါးခဲ့တဲ့ပစ်ခတ်မှုနဲ့ပတ်သက်တဲ့ ဗီဒီယိုကိုပြသခဲ့ပါတယ်။နောက်ကနေ ရဲနှစ်ယောက်ရဲ့ကားဟာ မီးမထွန်းထားပဲ လိုက်ပါလာနေပြီး ဆယ်ကျော်သက်တွေဟာ
သူတို့ရဲ့ကားကို လမ်းတလမ်းထဲကို မောင်းဝင်လာခဲ့ပါတယ်။နောက်တော့ကားမောင်းနေတဲ့ ခရွမ်း(စ်)ဟာ
ကားကိုလမ်းထဲက ပြန်မောင်းထွက်လာခဲ့ပြီး
လက်ထောက်ရဲအရာရှိ တယောက်ရှိနေတဲ့ဘက်ကို ဦးတည်ပြီးမောင်း
လာပါတယ်။အဲ့ဒီအရါရှိဟာ သေနတ်ကို ဆွဲထုတ်လိုက်ပြီး ကားရပ်တန့်သွားစေဖို့
ဆယ်ကျော်သက်တွေဆီကို ထပ်ခါထပ်ခါ
သေနတ်နဲ့ပစ်ခတ်ခဲ့ပါတယ်။သူ့ရဲ့ဖေ့စ်ဘွတ်(ခ်)
မှာတင်ထားတဲ့ပို့စ်မှာ ရဲအရာရှိက “လက်ထောက်ရဲအရာရှိဟာ သူ့ကို ကားနဲ့ဝင်တိုက်ပြီး အသတ်ခံရမှာကို တားဆီးဖို့အတွက် သူ့ရဲ့လက်နတ်ကို တာဝန်နဲ့ဝတ္တရားအရအသုံးပြုခဲ့ရတယ်။”လို့ ရေးသား
ထားခဲ့ပါတယ်။

Ref:(AP)


Spread the love
  •  
  •  
  •  
  •  
  •  
  •