“သတ်ဖြတ်ခံရတဲ့ အီရန်သိပ္ပံပညာရှင် နျူကလီးယား စစ်ရေးအစီအစဉ် နဲ့ ဆက်နွယ်နေ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“နျူကလီးယား စစ်ရေးအစီအစဉ် နဲ့ ဆက်နွယ်တဲ့ အီရန်သိပ္ပံပညာရှင်တဦးသတ်ဖြတ်ခံရ”

November 28, 2020
(By JON BRELL,an hour ago)

ဒူဘိုင်း၊အာရပ်စော်ဘွားများပြည်ထောင်စု (AP)

အစ္စလမ္မစ် သမ္မတနိုင်ငံရဲ့ ဖျက်သိမ်းထားတဲ့ နျူကလီးယားစစ်ရေး အစီအစဉ်ရဲ့ ဦးစီးခေါင်းဆောင်တဦးအဖြစ်
အနောက်နိုင်ငံတွေကသတ်မှတ်ထားတဲ့
အီရန်သိပ္ပံပညာရှင်တဦး ဟာ တီဟ်ရန် မြို့စွန်မြို့ဖျား ဆင်ခြေဖုံး တနေရာမှာ ခြုံခို
တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့တယ် လို့
အာဏာပိုင်တွေကပြောဆိုပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက
မို ဟ်ဆင် ဖက်ခ်ဟရီဇာဒက် ရဲ့သေဆုံးမှုဟာ
အစ္စရေးတွေ မှာတာဝန်ရှိတယ်လို့စွတ်စွဲ
ပြောဆိုလိုက်ပေမယ့် အသေးစိတ် ဖော်ပြပြောဆိုခြင်းတော့မရှိပါဘူး။လွန်ခဲ့တဲ့
ဆယ်စုနှစ်ကစပြီးအီရန်သိပ္ပံပညာရှင်များကို
သတ်ဖြတ်နေတယ်လို့ ကာလရှည်ကြာစွတ်စွဲ
ခံနေရတဲ့ အစ္စရေးနိုင်ငံကတော့ ဒီပြောဆိုချက်ကို ချက်ချင်း ငြင်းဆိုလိုက်ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်
နေတန်ယာဟုက ဖက်ခ်ဟရီဇာဒက်အကြောင်းပြောဆိုစဉ်မှာ
“အဲဒီနာမ်မည်ကို သတိရအမှတ်ရနေပါ”လို့
ပြည်သူလူထုကိုပြောဆိုခဲ့ဖူးပါတယ်။အမေရိကန်ဒရုန်းလေယာဉ်တစီးက အီရန်ထိပ်တန်းစစ်ဗိုလ်ချုပ်တယောက်ကို
ဘဂ္ဂဒက်မှာသတ်ဖြတ်လိုက်ချိန်မှာ အမေရိကန်
နဲ့ အီရန်တို့ စစ်ဖြစ်လုနီးပါးအခြေအနေကို
ရောက်ရှိခဲ့ရပြီးတဲ့နောက် တနှစ်နီးပါးအကြာမှာဒီ သိပ္ပံပညာရှင် သေဆုံးမှုဟာ အရှေ့အလယ်ပိုင်းဒေသမှာ
တင်းမာမှုတွေနောက်ထပ်ပိုမိုမြင့်တက်လာစေ
ခဲ့ပါတယ်။ဒီအဖြစ်အပျက်ဟာအရွေးချယ်ခံခဲ့ရတဲ့
ဂျိုးဘိုင်ဒင်သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆို
မယ့် အချိန်ရောက်ခါနီးမှာဖြစ်လာခဲ့ပြီး၊အီရန်ကို နျူကလီးယားလက်နက်တခုဖန်တီးဖို့
လုံလောက်တဲ့ယူရေနီယန် ပမာဏ မရရှိစေဖို့
ရည်ရွယ်ချမှတ်လုပ်ဆောင်တဲ့အမေရိကန်နိုင်ငံ
ပြန်ဖြစ်လာစေရမယ်ဆိုတဲ့ သူ့ရဲ့ကြိုးပမ်းချက်
တွေကိုရှုပ်ထွေးလာစေတော့မှာဖြစ်ပါတယ်။
စီးပွါးရေးပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးတဲ့အတွက်အပြန်အလှန်အနေနဲ့
အီရန်နိုင်ငံဟာ ယူရေနီယန် ပိုင်ဆိုင်မှုကိုအကန့်အသတ်နဲ့ပဲထားရှိရမယ်ဆိုတဲ့စာချုပ်ဟာ ၂၀၁၈ခုနှစ်မှာသမ္မတဒေါ်နယ်ထရန့်က သဘောတူညီမှုကနေ နှုတ်ထွက်ရုတ်သိမ်းသွားခဲ့တာကြောင့် လုံးဝပျက်ပြယ်သွားခဲ့ပါတယ်။
သုတ်သင်သတ်ဖြတ်မှုအကြောင်းကို
အစ္စရေးမော့ဆက်ထောက်လှမ်းရေးနဲ့
ပတ်သက်ပြီးကျွမ်းကျင်သူ အစ္စရေးသတင်းစာ
ဆရာ ယော့ဆီ မယ်လ်မန်က အင်တာနက်ပေါ်ရေးတင်ထားတာကို ထရန့်ကသူ့ဖာသာသူပြန်ရေးတင်ခဲ့ပါတယ်။
သူက သုတ်သင်သတ်ဖြတ်မှု ကို “အီရန်အတွက်အဓိကအရေးပါသောစိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်တဲ့ထိုးနှက်ချက်”လို့
ခေါ်ဆိုခဲ့ပါတယ်။တိုက်ခိုက်ခံရပြီး နာရီများစွာ
ကြာတဲ့အထိ သေဆုံးမှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ သက်သေ
သက္ကာရ အခိုင်အလုံမရရှိသေးပါဘူး။တိုက်ခိုက်မှုဟာမြို့တော်အရှေ့ဘက်နားမှာရှိတဲ့အက်ဘ်ဆာ့ဒ် ဆိုတဲ့ရွာလေးတရွာမှာ ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။ အီရန်နိုင်ငံပိုင်
ရုပ်မြင်သံကြားက သစ်တုံးတွေအောက်မှာဖောက်ခွဲရေးပစ္စည်းတွေဖုံးကွယ်ပြီးတင်လာတဲ့ ထရပ်ကားဟောင်း တစီးဟာ ဖက်ခ်ဟရီဇာဒက် ကို တင်ဆောင်လာတဲ့ ဆီဒင်ကါးအနီးမှာ ပေါက်ကွဲသွားခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။
ဖက်ခ်ဟရီဇာဒက်ရဲ့ဆီဒင်ကါး ရပ်တန့်သွားချိန်မှာ အနည်းဆုံးလက်နက်ကိုင်လူ၅ယောက်
ပေါ်ထွက်လာခဲ့ပြီး ၊ကားကို တရစပ် ပိုက်စိပ်တိုက်ပစ်ခတ်ခဲ့တယ် လို့ တက်စ်နင်(မ်)
သတင်းအေဂျင်စီကပြောပါတယ်။
ဆရာဝန်တွေ ဆေးဘက်အကူတွေဟာ
သူကို့အသက်ရှင်ဖို့ကြိုးစားကုသကြပေမယ့်
မတတ်နိုင်တော့ပဲ ဆေးရုံမှာ ဖက်ခ်ဟရီဇာဒက်သေဆုံးသွားခဲ့တယ်။
ဖက်ခ်ဟရီဇာဒက်ရဲ့သက်တော်စောင့်တွေအပါအဝင်အခြားသူတွေဟာဒါဏ်ရာတွေရရှိခဲ့ကြ
ပါတယ်။အွန်လိုင်းပေါ်မှာပြန့်နှံ့နေတဲ့ ဓာတ်ပုံ
တွေ၊ဗီဒီယိုတွေမှာ ကျည်ဆံဖောက်ဝင်ရာတွေ
လေကာမှန်ပေါ်မှာပြည့်နှက်နေတဲ့ဆီဒင်ကါးတစီး နဲ့ လမ်းပေါ်မှာအိုင်ထွန်းနေတဲ့ သွေးကွက်တွေကိုတွေ့မြင်ကြရပါတယ်။
ဒီတိုက်ခိုက်မှုအတွက် ဘယ်သူကမှ
တာဝန်ရှိတယ်လို့ထုတ်ဖော်ပြောဆိုမှုမရှိသေး
ခင်မှာ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟမ်မက်ဒ်
ဂျာဗက်ဒ် ဇါရစ်(ဖ်) က အစ္စရေးကို လက်ညှိုး
ထိုးစွတ်စွဲလိုက်ပါတယ်။သတ်ဖြတ်မှုကို
“နိုင်ငံတော်အကြမ်းဖက်မှုအပြုအမူ”အဖြစ်
ခေါ်ဆိုခဲ့ပါတယ်။
“အကြမ်းဖက်သမားတွေဟာ ထင်ရှားကျော်ကြားတဲ့အီရန်သိပ္ပံပညာရှင်တယောက်ကို သတ်ဖြတ်ခဲ့ကြပါတယ်။အစ္စရေး
ပါဝင်တဲ့အခန်းကဏ္ဍတွေကိုညွှန်ပြနေတဲ့
ဒီ သူရဲဘောကြောင်မှုဟာ ပြစ်မှုကျူးလွန်သူတွေရဲ့ သွေးရူးသွေးတမ်း
စစ်မီးမွှေးတာကို ပြသနေပါတယ်။”လို့ ဇာရစ်(ဖ်)က တွစ်တာမှာရေးသားခဲ့ပါတယ်။
အီရန်ထိပ်တန်းခေါင်းဆောင်ရဲ့ အကြံပေးတဦးဖြစ်သူ ဟိုဆိန်း ဒေးဂန် ဟာ
၂၀၂၁ခုနှစ်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတဦးလည်း ဖြစ်ပြီး
သူကလည်းအစ္စရေးကိုပြစ်တင်ပြောဆိုကာ
သတိပေးလိုက်ပါတယ်။
“သူတို့ရဲ့မဟာမိတ် နိုင်ငံရေးဘဝ
ကိုသူတို့အလောင်းအစားလုပ်နေတဲ့ နောက်ဆုံးနေ့ရက်တွေမှာဇီယွန်ဝါဒီတွေဟာ အီရန်ကို စစ်ပွဲအတွင်းအပြည့်အဝ ဝင်ရောက်လာစေဖို့
ဖိအားပေးကြိုးပမ်းနေကြတယ်။”လို့ ဒေးဂန်ကရေးသားခဲ့ပါတယ်။သူက သမ္မတ
ထရန့်ရဲ့ အုပ်ချုပ်ရေးကာလ နောက်ဆုံးနေ့ရက်တွေကိုရည်ညွှန်းပြောဆိုခဲ့ပုံ
ရပါတယ်။”ငါတို့ ဒီအာဇာနည်ကို သတ်ဖြတ်တဲ့
လူသတ်သမားတွေအပေါ် မိုးကြိုးလျှပ်စီး
ကျရောက်သက်ဆင်းသလို တုန့်ပြန်ရမယ်။သူတို့လုပ်ရပ်တွေအတွက်သူတို့ကိုနောင်တ
ရစေရမယ်။”လို့ သူကရေးသားခဲ့ပါတယ်။
တိုက်ခိုက်မှုဖြစ်ပွါးပြီးနောက်နာရီများစွာအကြာမှာ ယူအက်စ် အက်စ် နီမစ်တ်(ဇ်) လေယာဉ်တင်စစ်သင်္ဘောကြီးကို အရှေ့အလယ်ပိုင်းဒေသကို ပြန်လည်လည်ပို့ဆောင်ထားပြီးဖြစ်တယ်လို့
ပင်တဂွန်ကကြေညာခဲ့ပါတယ်။အဲ့ဒီဒေသမှာ အရင်ကလပေါင်းများစွာရှိနေခဲ့ပြီးဖြစ်တာကြောင့် ထူးခြားတဲ့ လှုပ်ရှားမှုတခုဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်အတွက် အကြောင်းပြချက်အနေနဲ့ အီရတ် နဲ့ အာဖဂန်နစ္စ တန်က အမေရိကန် တပ်ဖွဲ့တွေကို ရုပ်သိမ်း မှုအဖြစ်ကိုးကားပြောဆိုပါတယ်။

“ဒေသတွင်းဖြစ်ပေါ်လာနိုင်တဲ့မည်သည့်
ပြဿနာမျိုးကိုမဆိုရင်ဆိုင်ဖြေရှင်းနိုင်ဖို့
အတွက် ကာကွယ်ရေးစွမ်းရည်တိုးမြှင့်တာကို
ဆင်ခြင်မြော်တွေးပြီးဆောင်ရွက်ခဲ့တာပါ။”လို့
ပြောဆိုခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ အီရန်နျူကလီးယား
သိပ္ပံပညာရှင် မာဂျစ် ရှာဟာရီယာရီ လုပ်ကြံ
သတ်ဖြတ်ခြင်းခံရပြီး ဆယ်နှစ်မြောက်နှစ်ပတ်လည််နေ့မတိုင်ခင်ရက်များမှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီသတ်ဖြတ်မှုနဲ့ပတ်သက်လို့လည်းတီဟ်ရန်
ကအစ္စရေးကို အပြစ်တင်ခဲ့ပါတယ်။အဲ့ဒီသတ်ဖြတ်မှုနဲ့ အခြားသောပစ်မှတ်ထားသတ်ဖြတ်မှုတွေ
ဖြစ်ပျက်ခဲ့တဲ့အချိန်ကို ‘စတပ်(က်)နက်ဗိုင်းရပ်(စ်)’ လို့ အမည်ပေးခဲ့ပြီးအီရန်ရဲ့အင်အားစုစည်းမှုကိုဖျက်ဆီးဖို့
အမေရိကန် နဲ့ အစ္စရေး ပူးပေါင်းဆောင်ရွက်မှုလို့ယုံကြည်ခဲ့ကြပါတယ်။

အက်ဘ်ဆာ့ဒ်ရဲ့ပတ်ဝန်းကျင်ဒေသဟါ
တိုင်းပြည်ရဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဒါမန်ဗန်း(ဒ်)တောင်ကို တွေ့မြင်နေရပြီးအားလပ်ရက်အပန်းဖြေ ဂေဟာတွေနဲ့ပြည့်နေပါတယ်။သောကြာနေ့က လမ်းတွေပေါ်မှာ
ကိုရိုနာဗိုင်းရပ်(စ်) ကပ်ရောဂါကြောင့်လော့ခ်
ဒေါင်းချထားတဲ့အတွက်သာမန်အချိန်တွေထက်စာရင်လူအသွားအလာကင်းရှင်းနေခဲ့တာကြောင့် တိုက်ခိုက်သူတွေအတွက်အခွင့်အလမ်းသာစေခဲ့ပါတယ်။

ဖက်ခ်ဟရီဇာဒက်(ဒ်) ဦးဆောင်တဲ့
အီရန်ရဲ့ AMAD အစီအစဉ်ကို အစ္စရေး နဲ့
အနောက်နိုင်ငံတွေက နျူကလီလီးယားလက်နက်တခုတည်ဆောက်နိုင်ဖွယ်ရှိတဲ့စစ်ရေးစီမံချက်တခု အဖြစ် စွတ်စွဲပြောဆိုထားကြပြီး၊တီဟ်ရန်ကတော့
နျူကလီးယားအစီအစဥ်တွေဟာ အရပ်ဖက်လုပ်ငန်းများအတွက်သာကြံရွယ်ဆောင်ရွက်နေတာဖြစ်တယ်လို့ဆိုပါတယ်။

နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီက
၂၀၀၃ နှစ်ကုန်ပိုင်းတလျှောက်လုံး တည်ဆောက်ရေးအစီအစဥ်တခုမှာ အီရန်ဟာ နျူကလီးယားဖောက်ခွဲမှုလက်နက်ရရှိအောင် လုပ်ကိုင်ဆောင်ရွက်နေတယ်လို့
ပြောဆိုထားပါတယ်။ဒါဟာဆိုရင်နျူကလီးယားဗုံးတခုကို ပြင်ပဖိအားနဲ့ဖောက်ခွဲဖို့ရန်အတွက် ဂရုတစိုက်
နဲ့အချိန်မှတ်ပြီး ဖောက်ခွဲနိုင်အောင်ဆောင်ရွက်
နေတဲ့AMADအစီအစဉ်ဖြစ်ပါတယ်။

၂၀၀၅ခုနှစ်မတိုင်ခင် နဲ့ ၂၀၀၅ခုနှစ် နဲ့ ၂၀၀၉
ခုနှစ်အကြားမှာ နျူးကလီးယားလက်နက်
ကွန်ပြူတာပုံစံငယ်တခုကို စီမံတည်ဆောက်ခဲ့သေးတယ်လို့IAEAကပြောခဲ့ပါတယ်။ဒါပေမယ့် ဒီတွက်ချက်ဆောင်ရွက်မှုတွေဟာ ပြီးပြည့်စုံတဲ့အထိမလုပ်ဆောင်နိုင်ခဲ့ပဲတပိုင်းတစသာဆောင်ရွက်နိုင်ခဲ့တယ်လို့
ပြောပါတယ်။IAEAကစုံစမ်းစစ်ဆေးရေးမှူးတွေဟာ အခုပျက်ပြားနေတဲ့ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ချုပ်ဆိုထားတဲ့နျူကလီယားဆိုင်ရာသဘောတူညီမှုဆိုင်ရာစာချုပ် တစိတ်တပိုင်းအနေနဲ့အီရန်နိုင်ငံက နျူးကလီးစမ်းသပ်ရာနေရာ တွေကိုစောင့်ကြည့်နေခဲ့ပါတယ်။အီရန်ဟာ ဗုံးထုတ်လုပ်ဖို့လမ်းကိုရွေးချယ်မယ်ဆိုရင်
အနည်းဆုံးနျူးကလီးယားလက်နက်၂ခု
လောက်ထုတ်လုပ်နိုင်တဲ့သန့်စင်ကြွယ်ဝမှုနိမ့်တဲ့
ယူရေနီယမ်အလုံအလောက်ရှိနေပြီလို့
ကျွမ်းကျင်သူပါရဂူတွေက ယုံကြည်နေကြပါတယ်။ထိုအချိန်မှာပဲ အီရန်ရဲ့နာတန့်(ဇ်)နျူကလီးယားစက်ရုံ ရဲ့ခေတ်မီစက်ပစ္စည်းအစိတ်အပိုင်းများ
တပ်ဆင်ထားတဲ့နေရာတခုမှာ ပေါက်ကွဲမှုတခု
ဇူလိုင်လကဖြစ်ပွါးသွားခဲ့ပြီး  ဒါဟာ
အဖျက်အမှောင့်တိုက်ခိုက်မှုလုပ်ရပ်ဖြစ်တယ်
လို့ တီဟ်ရန်ကပြောဆိုခဲ့ပါတယ်။

၁၉၅၈ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဖက်ခ် ဟရီယာ ဇာဒက်ကို သူ့ရဲ့AMADစီမံကိန်းလုပ်ဆောင်မှုအတွက် နိုင်ငံတကာစည်းမျဉ်းဥပဒေများကိုလိုက်နာရန်
ကုလသမဂ္ဂလုံခြုံရေးကောင်စီက စီးပွါးရေး ပိတ်ဆို့အရေးယူခဲ့ပါတယ်။အီရန်ကသူ့ကို
တက္ကသိုလ်ကရူပဗေဒ ပါမောက္ခတဦး အဖြစ်
အမြဲပြောဆိုခဲ့ပါတယ်။တော်လှန်ရေးအစောင့်
တပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ဖက်ခ်ဟရီယာဇာဒက်ကို
အစည်းအဝေးတွေမှာ ထိပ်တန်းခေါင်းဆောင်
အယာတိုလာခါမေနီရဲ့ဘေးနားကတက်ရောက်နေတာကိုအမြဲတွေ့မြင်ရတဲ့အတွက်သူရဲ့သြဇာအာဏာဘယ်လောက်အထိကြီးမားမယ်ဆိုတာ
သိမြင်နိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့အရေးယူမှုခံထားရသူတွေရဲ့စာရင်းမှာ သူ့ကို အီရန်နိုင်ငံကာကွယ်ရေး ဆန်းသစ်တီထွင်မှု နဲ့သုတေသနအဖွဲ့အစည်းကို ဦးစီးခေါင်းဆောင်လုပ်နေသူ တဦးအဖြစ်သတ်မှတ်ဖော်ပြထားပါတယ်။

နျူကလီးယားလက်နက်များ နဲ့ နျူကလီးယားလက်နက်များဖြန့်ဝေမှုနည်းစံနစ်တွေမှာ အသုံးဝင်နိုင်ခြေရှိတဲ့သွင်ပြင် လက္ခဏါတွေပါဝင်နေတဲ့ နှစ်မျိုးသုံး သုတေသန နဲ့ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းဆောင်ရွက်ချက်တွေကိုလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတခုအဖြစ် သူဦးစီးခေါင်းဆောင်လုပ်နေတဲ့အဖွဲ့အစည်း
ကို နိုင်ငံတော်ဌာနက သတ်မှတ်ထားပါတယ်။ကုလသမဂ္ဂကို စေလွှတ်ခြင်းခံရတဲ့ အီရန်က ကိုယ်စားလှယ်အဖွဲ့က ဖက်ခ်ဟရီယာ ဇာဒက်ဟါ ကိုဗစ်-၁၉ ဗိုင်းရပ်(စ်)ပိုး ရှာဖွေတဲ့စမ်းသပ်ကရိယာကိုတီထွင်ခဲ့ပြီး ကပ်ရောဂါကာကွယ်ဆေးထုတ်လုပ်တဲ့လုပ်ငန်းတွေမှာကြီးကြပ်ဆောင်ရွက်နေတယ်လို့ပြောခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ နေတန် ယာဟုက အီရန်
နျူကလီးယားမော်ကွန်းတိုက်က ခိုးယူလာခဲ့တဲ့
ပစ္စည်းတခုလို့သူဖော်ပြခဲ့တဲ့ ပစ္စည်းကို ဖွင့်ဟ
ပြသခဲ့ပါတယ်။
လုပ်ငန်းဆက်လက်ဆောင်ရွက်ဖို့ အဖွဲ့အစည်း
အသစ်တွေဖွဲ့စည်းမဲ့ အစီအစဥ်ရဲ့ အဓိကအစိတ်အပိုင်းတခုပါ။”ဒီဟာကAMADစီမံချက်ရဲ့ခေါင်းဆောင် ဒေါက်တာ မိုဟ်ဆင် ဖက်ခ်ဟရီဇာဒက် ဟာ ဘယ်လိုလူစားဖြစ်တယ်ဆိုတာကိုဖော်ပြပါ
လိမ့်မယ်။ဒီနာမ်မည် ဖက်ခ်ဟရီ ဇာဒက်ကို
သတိရ အမှတ်တရရှိနေကြပါ။”လို့ သူက
ပြောဆိုခဲ့ပါတယ်။

( Associated Press Writers Amir Vahdat and Mohammad Nasiri in Tehran,Iran ,and Deb Riechmann in Washington contributed to this report.)


Spread the love
  •  
  •  
  •  
  •  
  •  
  •