သထုံ ၊ သိမ်ဆိပ်မှာ ဆန်ကားတစီး လမ်းဘေးကဆိုင်ခန်း တွေကို ဝင်တိုက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

သထုံ ၊ သိမ်ဆိပ်မှာ ဆန်ကားတစီး လမ်းဘေးကဆိုင်ခန်း
တွေကို ဝင်တိုက်

၂၆.၆.၂၀၂၀ ရက်နေ့၊ မနက်၉ နာရီအချိန်က မွန်ပြည်နယ်၊
သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမ၊ မက်ဇီယာကွေ့ မိုင်တိုင်အမှတ် ၁၃၈/၆နှင့် ၁၃၈/၇ကြားတွင် ဘီလင်းဘက်မှ သထုံဘက်သို့ မောင်းနှင်လာသော Nissan Fuso Condor အမျိုးအစား (အပြာရောင်) မော်တော်ယာဉ်သည် ဆန်များတင်ဆောင်လာပြီး အရှိန်လွန်၍ လမ်းဘေးယာဘက်ရှိ ဆိုင်ခန်းများအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ပါတယ်။

အခင်းဖြစ်ပွားရာသို့ သထုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ကျိုက္ကော်နယ်မြေမီးသတ်စခန်းမှ မီးသတ် ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါတယ်။

ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် ကျား(၃)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)အား လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်များဖြင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆိုင်ခန်းများအတွင်းရှိ လူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်း သတင်းရရှိပါတယ်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •